• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ နှစ်ပတ်လည် အစည်းအဝေး ဖွင့်လှစ်

(GMT+08:00) 2016-03-03 11:17:54

၁၂-ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ စတုတ္ထအကြိမ်အစည်းအဝေးကို ယနေ့၃-ရက်နေ့ညနေပိုင်းတွင် ပီကင်း ပြည်သူ့ ခန်းမဆောင်ကြီး၌ ဖွင့်လှစ်မည်ဖြစ်ပါသည်။ ၁၂-ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် စတုတ္ထအကြိမ်အစည်းအဝေးကို လာမည့်မတ်လ၅-ရက်နေ့တွင်လည်း ဖွင့်လှစ်မည်ဖြစ်ပါသည်။

တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီရုံး သတင်း ရေးရာဌာနမှ တာဝန်ရှိပုဂ္ဂိုလ်က၊ ယခုအကြိမ်အစည်းအဝေးတွင် တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ လုပ်ငန်းအစီရင်ခံစာနှင့် ၁၂-ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ တတိယအကြိမ် အစည်းအဝေးကျင်းပခဲ့သည့်နောက် အဆိုပြုချက်လုပ်ငန်းဆိုင်ရာ အစီရင်ခံစာကို ကြားနာ စစ်ဆေးမည်ဖြစ်ကြောင်း၊ ၁၂-ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် စတုတ္ထအကြိမ်အစည်းအဝေးသို့ တက်ရောက်ပြီး အစိုးရလုပ်ငန်းအစီရင်ခံစာ နှင့် အခြားအစီရင်ခံစာများကို ကြားနာဆွေးနွေးပြီး အမျိုးသားစီးပွားရေးနှင့် လူမှုဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ၁၃-ခုမြောက်၅-နှစ်စီမံကိန်းအကျဉ်းချုပ်မူကြမ်းကို ဆွေးနွေးကာ ပရဟိတဥပဒေမူကြမ်းကို ဆွေးနွေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

၁၂-ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ စတုတ္ထအကြိမ်အစည်းအဝေး ပြောရေးဆိုခွင့်ရှိသူ ဝမ်ကိုချင့် က၊ ယခုအကြိမ် အစည်းအဝေးတွင် ၁၃-ခုမြောက်၅-နှစ်စီမံကိန်းနှင့်ပတ်သက်၍ အဆိုပြုချက်တင်ပြမည်ဖြစ် ကြောင်း၊ အမျိုးသားစီးပွားရေးနှင့်လူမှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ၁၃-ခုမြောက်၅-နှစ်စီမံကိန်း အကျဉ်းချုပ် ရေးဆွဲချမှတ်ရေး၊ အကောင်အထည်ဖော်ရေးနှင့်ပတ်သက်၍ အစည်းအဝေး မိန့်ခွန်း ၃-ကြိမ် ပြောကြားမည်ဖြစ်ကြောင်း၊ ၁၃-ခုမြောက်၅-နှစ်စီမံကိန်းအကျဉ်းချုပ်မူကြမ်း ဆိုင်ရာ သီးသန့်ဆွေးနွေးပွဲ၃-ပွဲကျင်းပမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အစည်းအဝေးကျင်းပစဉ်အတောအတွင်း သတင်းစာရှင်းလင်းပွဲ၎-ကြိမ် ကျင်းပမည် ဖြစ်ပြီး မော်မတီဝင်များသည် သတင်းထောက်များ၏ မေးမြန်းချက်များကို ဖြေကြားမည် ဖြစ်ပါသည်။ ယခုနှစ် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီအစည်းအဝေးနှင့် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အစည်းအဝေးတွင် မှတ်ပုံတင်ထားသော သတင်းထောက် ၅၀၀၀-ကျော်ရှိသည့်အနက် ပြည်ပသတင်းထောက် ၁၀၀၀-ကျော်ရှိပါသည်။

 

   Webradio