• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်၏ မိန့်ခွန် အပေါ် နိုင်ငံတကာ မိသားစု လှိုက်လှဲစွာ တုံ့ပြန်

(GMT+08:00) 2015-09-05 17:08:50

လွန်ခဲ့သည့် ရက်များက နိုင်ငံတကာ မိသားစုကြီးသည် ဂျပန် ကျူးကျော်မှု တရုတ် ပြည်သူများ ခုခံရေးစစ်နှင့် ကမ္ဘာ့ ဖက်ဆစ် ဆန့်ကျင်ရေးစစ် အောင်ပွဲခံ နှစ် ၇၀ပြည့် အထိမ်းအမှတ်ပွဲတွင် တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန် ပြောကြားသည့် အရေးကြီး မိန့်ခွန်းအပေါ် လှိုက်လှဲစွာ တုံ့ပြန်ကြကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

နိုင်ငံခြား ပုဂ္ဂိုလ်နှင့် မီဒီယာ အချို့က ဥက္ကဋ္ဌ ရှီကျင့်ဖိန် ပြောကြားသည့် မိန့်ခွန်းတွင် တရားမျှတမှု မုချနိုင်မည်၊ ငြိမ်းချမ်းရေး မုချနိုင်မည်၊ ပြည်သူများ မုချနိုင်မည် ဟူသော အမှန် တရားကို လေးနက်စွာ ရှင်းလင်းပြောကြားကြောင်း၊ တရုတ်ပြည် အနေနှင့် ငြိမ်းချမ်းရေးနှင့် တရားမျှတမှုကို ထိန်းသိမ်းကာကွယ်ရန်၊ နိုင်ငံအသီးသီးနှင့်အတူ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုး တက်ရေးနှင့် အတူတကွ စည်ပင်သာယာရေးရှိသည့် ကောင်းမွန်သော အနာဂတ်ကို ဖန်တီးပေးရန် ကြိုးပမ်းဆောင်ရွက်မည် ဖြစ်ကြောင်း ယူဆကြသည်။

 

   Webradio