• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲတွင် အရေးကြီးသောအခန်းကဏ္ဍမှတရုတ်ပါဝင်

(GMT+08:00) 2015-09-03 17:00:49

   မြန်မာနိုင်ငံသမ္မတ၏ပြောရေးဆိုခွင့်ရှိသူဦးရဲထွဋ်သည် စက်တင်ဘာ၂ရက်နေ့က ပီကင်း မြို့၌ စီအာအိုင်သတင်းထောက်နှင့်တွေ့ဆုံရာတွင် တရုတ်နိုင်ငံသည် ကမ္ဘာ့ဖက်ဆစ်ဆန့် ကျင်ရေးစစ်ပွဲတွင် အရေးကြီးသောအခန်းကဏ္ဍမှပါဝင်ခဲ့ကြောင်း၊ ယင်းသည် သမ္မတဦးသိန်းစိန် ယခုတစ်ကြိမ်ပီကင်းသို့ လာရောက်ပြီးတရုတ်ပြည်သူ့ ဂျပန်ကျူးကျော်မှု ခုခံရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်ပွဲခံနှစ်၇၀ပြည့်အထိမ်းအမှတ် လှုပ်ရှားမှုသို့တက်ရောက်သောအကြောင်းရင်းလည်းဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

   ဦးရဲထွဋ်က ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ၏သမိုင်းကြောင်းကို ပြန်ကြည့်လျှင် ၁၉၃၁ ခုနှစ်မှနေ၍ အမေရိကန်စစ်ထဲဝင်လာသည့်၁၉၄၁ခုနှစ်အထိ ၁၀နှစ်တာကာလအတွင်း ဖက်ဆစ်ဂျပန်ကို ခုခံတိုက်ခိုက်ခဲ့သောနိုင်ငံမှာ တရုတ်တစ်နိုင်ငံတည်းသာရှိသည်ကိုတွေ့ရှိ ရကြောင်း၊ တရုတ်ပြည်သူသန်း၃၀ကျော် ယင်းစစ်ပွဲတွင် သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း၊ အကယ်၍ တရုတ်နိုင်ငံသည် ၁၉၃၁ခုနှစ်နောက်ပိုင်း ဂျပန်ကို မခုခံဘဲ လက်နက်ချလိုက် မည်ဆိုလျှင် ဒုတိယကမ္ဘာစစ်၏အဖြေသည် များစွာပြောင်းလဲသွားမှာဖြစ်ကြောင်းပြောကြား ခဲ့သည်။

   ၁၉၃၁ခုနှစ်စက်တင်ဘာ၁၈ရက်နေ့တွင် ဂျပန်က တရုတ်အရှေ့မြောက်ပိုင်းဒေသကို ကျူးကျော်ခဲ့ရာ တရုတ်ပြည်သူများခုခံကာ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲကိုစတင်ခဲ့ သည်။၁၉၄၁ခုနှစ်ဒီဇင်ဘာ ၇ ရက်နေ့တွင် ဂျပန်က အမေရိကန်ရေတပ်၏ပုလဲဆိပ်ကမ်းကို ထိုးစစ်ဆင်ကာ ပစိဖိတ်စစ်ပွဲကို စတင်ခဲ့သည်။ ဒီဇင်ဘာ ၈ ရက်နေ့တွင် အမေရိကန်က ဂျပန်ကို စစ်ကြေညာခဲ့သည်။

 

 

 

 

 

   Webradio