• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စက်တင်ဘာ ၃ ရက် အထိမ်းအမှတ်အခမ်းအနား နိုင်ငံခြားမီဒီယာများ အာရုံစိုက်

(GMT+08:00) 2015-09-03 16:44:32

စက်တင်ဘာလ ၃ ရက်နေ့တွင် တရုတ်ပြည်သူ့ ဂျပန်ကျူးကျော်မှုခုခံရေး စစ်ပွဲ အောင်ပွဲခံ နှစ် ၇၀ ပြည့်နှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်အောင်ပွဲခံနှစ် ၇၀ ပြည့် အထိမ်းအမှတ်အခမ်းအနားကို ကြီးကျယ်သိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ပြီးခဲ့သည့် ရက်များအတွင်း၊ နိုင်ငံခြားမီဒီယာများသည်၊ ယခုအကြိမ်ကျင်းပမည့် ကြီးကျယ်ခမ်းနား သော အထိမ်းအမှတ်ပွဲကို အာရုံစိုက်ကြပြီး၊ အခမ်းအနားအတွက် တရုတ်ပြည်၏ ပြင်ဆင်ရေးလုပ်ငန်းများအကြောင်းကို အသီးသီးရေးသားဖော်ပြခဲ့ကြသည်။

ရုရှား NG သတင်းစာတွင်၊ ဒုတိယကမ္ဘာစစ်ပြီးသည့် နှစ် ၇၀ အတွင်း၊ ကမ္ဘာ့ ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲတွင် တရုတ်ပြည်မှ ပါဝင်ခဲ့သော အရေးကြီးအဆင့်နေရာနှင့် အခန်းကဏ္ဍများနှင့်အညီ ရသင့်ရထိုက်သည့် လေးစားမှုမရရှိခဲ့ကြောင်း၊ အဖြစ်မှန်မှာ တရုတ်ပြည်၏ ရဲရင့်သော ခုခံတိုက်ခိုက်မှုကြောင့်၊ ဂျပန်နှင့် ဂျာမဏီတို့သည် မပေါင်းစည်း နိုင်ဘဲ၊ သီးခြားစီ စစ်တိုက်စေခဲ့ကြောင်းရေးသားဖော်ပြခဲ့သည်။

ယနေ့ရုရှားနိုင်ငံတကာသတင်းအေဂျင်စီက၊ တရုတ်ပြည်သူ့ ဂျပန်ကျူးကျော်မှုခုခံရေး စစ်ပွဲ အောင်ပွဲခံနှစ် ၇၀ ပြည့် အထိမ်းအမှတ်ပွဲကျင်းပရန် အဆင်သင့်ဖြစ်နေပြီဖြစ် ပြီး၊နိုင်ငံခြားထိပ်သီးခေါင်းဆောင်၊ အစိုးရခေါင်းဆောင်နှင့် ကိုယ်စားလှယ်ပေါင်း အယောက် ၅၀ တက်ရောက်ကြမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

အမေရိကန် အေပီသတင်းဌာနက၊ တရုတ် ဗိုလ်ရှုသဘင်ပွဲကျင်းပခြင်းရည်ရွယ်ချက် မှာ ဂျပန်ကျူးကျော်မှုခုခံရေးစစ် အောင်ပွဲခံ နှစ် ၇၀ ပြည့်အတွက် အထိမ်းအမှတ်ပြုခြင်းနှင့်၊ ငြိမ်းချမ်းရေးထိန်းသိမ်းမှုကို တရုတ်အားဖြည့်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။

အမေရိကန် ဝေါစထရိ-ဂျာနယ်က၊ တရုတ်ပြည်သူ့ ဂျပန်ကျူးကျော်မှုခုခံရေးစစ်ပွဲ အောင်ပွဲခံ နှစ် ၇၀ ပြည့်ကို အထိမ်းအမှတ်ပြုသည့်အပြင်၊ ယခုအကြိမ် ဗိုလ်ရှုသဘင်ပွဲ၏ ရည်ရွယ်ချက်နောက်တစ်ခုမှာ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ၌ တရုတ်ပြည်သူများ၏ ကြီးမားသော ဆုံးရှုံးနစ်နာမှုများနှင့် အရေးကြီးသော သမိုင်းစွမ်းဆောင်မှုများကို ပေါ်လွင်စေ ကြောင်း ဖော်ပြခဲ့သည်။

တောင်ကိုးရီးယား အာရှစီးပွားရေးဂျာနယ်က၊ ယခုအကြိမ်အထိမ်းအမှတ်ပွဲသည်၊ ငြိမ်းချမ်းရေးကာကွယ်ထိန်းသမ်းရန် တရုတ်ပြည်၏ပြတ်သားသော ရပ်တည်ချက်ကို ပြသခဲ့ ကြောင်း ဖော်ပြခဲ့သည်။

အိန္ဒိယ Daily News and Analysis ဝက်ဆိုက်က၊ တရုတ်ပြည်သည်၊ ဒုတိယကမ္ဘာစစ် ကြီးတွင် သော့ချက်ကျသော မဟာမိတ်ဖြစ်ပြီး၊ ဂျပန်ကျူးကျော်မှု ခုခံရေးစစ်သည်၊ မဟာမိတ်တပ်ဖွဲ့များ၏အောင်ပွဲအတွက် အရေးကြီးအခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း ဖော်ပြ ခဲ့သည်။

   Webradio