• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဂျပန်ကျူးကျော်မှု တရုတ်ပြည်သူများ ခုခံရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင် ရေး စစ်ပွဲအောင်ပွဲခံနှစ်၇၀-ပြည့်အထိမ်းအမှတ်အခမ်းအနား ကျင်းပ

(GMT+08:00) 2015-09-03 10:33:26

ဂျပန်ကျူးကျော်မှု တရုတ်ပြည်သူများ ခုခံရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေး စစ်ပွဲအောင်ပွဲခံနှစ်၇၀-ပြည့်အထိမ်းအမှတ်အခမ်းအနားကို ယနေ့၃-ရက်နေ့နံနက်၁၀-နာရီ တွင် ပီကင်းမြို့ရှိ ထျန်အန်မင်ရင်ပြင်၌ ကျင်းပခဲ့ရာ တရုတ်ဝန်ကြီးချုပ် လီခေ့ချန် က အထိမ်းအမှတ်အခမ်းအနား စတင်ကြောင်း ကြေညာခဲ့ပါသည်။

ဂျပန်ကျူးကျော်မှု တရုတ်ပြည်သူများ ခုခံရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေး စစ်ပွဲအောင်ပွဲခံနှစ်၇၀-ပြည့်ကို အထိမ်းအမှတ်ပြုသည့်အနေနှင့် ဂုဏ်ပြုအမြောက် အချက်၇၀-ပစ်ဖောက်ဂုဏ်ပြုခဲ့ပါသည်။

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန် သည် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ တရုတ် ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက်၊ တရုတ်နိုင်ငံတော်ကောင်စီ၊ တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီနှင့် ဗဟိုစစ်ရေးကော်မရှင်ကိုယ်စား ဂျပန် ကျူးကျော်မှု တရုတ်ပြည်သူများ ခုခံရေးစစ်ပွဲတွင် ပါဝင်ခဲ့သော တပ်သားဟောင်းများ၊ ရဲဘော်ဟောင်းများ၊ တိုင်းချစ်ပြည်ချစ်ပုဂ္ဂိုလ်များနှင့် စစ်ဗိုလ်ဟောင်းများ၊ ဂျပန်ကျူးကျော်မှု တရုတ်ပြည်သူများ ခုခံရေးစစ်ပွဲတွင် အရေးကြီးသောအကျိုးပြုစွမ်းဆောင်မှု ပေးခဲ့သည့် ပြည်တွင်းပြည်ပမှ တရုတ်လူမျိုးများအား လေးစားကြောင်း ဖော်ပြပြီး တရုတ် ပြည်သူများ၏ခုခံမှုကို ထောက်ခံအားပေးခဲ့သော နိုင်ငံခြားအစိုးရနှင့် နိုင်ငံတကာချစ်ကြည် ရေးပုဂ္ဂိုလ်များအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားကာ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်လာကြသော နိုင်ငံခြားဧည့်သည်တော်များ၊ တပ်ဖွဲ့များနှင့် မိတ်ဆွေများအား ကြိုဆိုကြောင်း ပြောကြားခဲ့ပါသည်။

ဥက္ကဋ္ဌ ရှီကျင့်ဖိန် က၊ ယနေ့သည် ကမ္ဘာ့ပြည်သူများ အမြဲထာဝစဉ်အထိမ်းအမှတ်ပြု ရန်လိုသောနေ့တစ်နေ့ဖြစ်ကြောင်း၊ လွန်ခသောနှစ်ပေါင်း၇၀- စက်တင်ဘလ၃-ရက်နေ့က ၁၄-နှစ်ကြာတိုက်ပွဲဆင်နွှဲပြီးနောက် တရုတ်ပြည်သူများသည် ဂျပန်ကျူးကျော်မှုခုခံရေး စစ်ပွဲတွင် အောင်မြင်မှုရရှိကာ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်ပွဲခံခဲ့ကြောင်း ပြောကြားပါသည်။

ဥက္ကဋ္ဌ ရှီကျင့်ဖိန် က၊ ဂျပန်ကျူးကျော်မှု တရုတ်ပြည်သူများ ခုခံရေးစစ်ပွဲတွင် ကြီးမား စွာအသက်ပေးလှူခြင်းဖြင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲကို အထောက်အကူပြုခဲ့ ကြောင်း၊ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်အောင်ပွဲအတွက်ကြီးမားသောအကျိုးပြုစွမ်းဆောင် မှုပြုခဲ့ကြောင်း၊ တရုတ်ပြည်သူများ၏ ခုခံရေးစစ်ပွဲကို နိုင်ငံတကာမိသားစုကြီးက ထောက်ခံခဲ့ကြကြောင်း၊ တရုတ်ပြည်သူများသည် နိုင်ငံအသီးသီးမှ ပြည်သူများ၏ တရုတ်ခုခံရေးစစ်ပွဲအောင်ပွဲခံမှုအတွက် အကျိုးစွမ်းဆောင်မှုများကို အမြဲထာဝစဉ်မှတ်သား ထားမည်ဖြစ်ကြောင်း ပြောကြားပါသည်။

ဥက္ကဋ္ဌ ရှီကျင့်ဖိန် က၊ မိမိတို့သည် ဂျပန်ကျူးကျော်မှု တရုတ်ပြည်သူများ ခုခံရေးစစ်ပွဲ နှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲအောင်ပွဲခံနှစ်၇၀-ပြည့်ကို အထိမ်းအမှတ်ပြုသည့် အနေဖြင့် သမိုင်းကို မှတ်သားထားပြီး အာဇာနည်များကို လွမ်းဆွတ်သတိရကာ ငြိမ်းချမ်း ရေးကို ချစ်မြတ်နိုးပြီး အနာဂတ်ကို ဖန်တီးမည်ဖြစ်ကြောင်း ပြောကြားပါသည်။

နိုင်ငံခြားခေါင်းဆောင်များ၊ အစိုးရအဆင့်မြင့်ကိုယ်စားလှယ်များ၊ နိုင်ငံတကာနှင့်ဒေသ ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများသည် ဂျပန်ကျူးကျော်မှု တရုတ်ပြည်သူများ ခုခံရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေး စစ်ပွဲအောင်ပွဲခံနှစ်၇၀-ပြည့်ကို အထိမ်းအမှတ် ပြုရန်အတွက် ပီကင်းမြို့သို့ လာရောက်စုစည်းကြပါသည်။

  

 

   Webradio