• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပါကစ္စတန် သမ္မတကို ရှီကျင့်ဖိန် တွေ့ဆုံနှုတ်ဆက်

(GMT+08:00) 2015-09-02 16:32:16

တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ၂ရက်နေ့က ပီကင်း ပြည်သူ့ခန်းမဆောင် ကြီးတွင် ပါကစ္စတန် သမ္မတ မမ်မွတ် ဟူစိန်အား တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း တရုတ် သတင်း ဌာနမှ သတင်းအရ သိရသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ရာတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ဂျပန် ကျူးကျော်မှု တရုတ်ပြည်သူ များ ခုခံရေးစစ်နှင့် ကမ္ဘာ့ ဖက်ဆစ် ဆန့်ကျင်ရေးစစ် အောင်ပွဲခံခဲ့သည့် နှစ် ၇၀ပြည့် အထိမ်းအမှတ်ပွဲသို့ တက်ရောက်လာခြင်း အပေါ် ကြိုဆိုကြောင်း၊ ပါကစ္စတန်နှင့် ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရန် အလွန် အလေးထားပြီး တရုတ်-ပါကစ္စတန် ဆက်ဆံမှုကို တရုတ်ပြည်၏ နိုင်ငံခြားရေးတွင် ဦးစားပေးနေရာ၌ အစဉ်တစိုက်ထားရှိကြောင်း၊ မိမိတို့ အနေနှင့် ပါကစ္စတန်နှင့်အတူ တရုတ်-ပါကစ္စတန် ကံကြမ္မာ အသိုက်အဝန်း၏ အနှစ်သာရကို အဆက် မပြတ် အားဖြည့် ပေးပြီး တရုတ်ပြည်နှင့် ပတ်ဝန်းကျင် နိုင်ငံများ ကံကြမ္မာ အသိုက်အဝန်း တည်ဆောက်ရေး အတွက် စံနမူနာ ဖြစ်စေရန် လက်တွဲ အားထုတ် ကြိုးပမ်းလိုကြောင်း ပြောကြားသည်။

သမ္မတ ဟူစိန်က တရုတ်ပြည်သူများသည် ဂျပန် ကျူးကျော်မှု ခုခံရေးစစ်နှင့် ကမ္ဘာ့ ဖက်ဆစ် ဆန့်ကျင်ရေးစစ် အတွင်း အလွန်ကြီးမားစွာ ဆုံးရှုံးမှု ခံခဲ့ရပြီး ကြီးမားသော အကျိုးပြု စွမ်းဆောင်မှုလည်း ပေးခဲ့ကြောင်း၊ ပါကစ္စတန်သည် တရုတ်ပြည်နှင့် ညီရင်း အစ်ကို ဆက်ဆံမှုကို အမြတ်တနိုးထားကြောင်း၊ တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြန်ကို ဗဟိုပြုပြီး နယ်ပယ် အသီးသီးတွင် နှစ်နိုင်ငံတို့၏ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု များကို တက်ကြွစွာ တွန်းအားပေးမည် ဖြစ်ကြောင်းလည်း ပြောကြားသည်။

 

 

 

   Webradio