• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဂျပန် ကျူးကျော်မှု တရုတ်ပြည်သူများ ခုခံရေးစစ်နှင့် ကမ္ဘာ့ ဖက်ဆစ် ဆန့်ကျင်ရေးစစ် အောင်ပွဲခံ နှစ် ၇၀ပြည့် အထိမ်းအမှတ်ပွဲ စက်တင်ဘာလ ၃ရက်နေ့ နံနက်ပိုင်းတွင် ပီကင်း၌ ကျင်းပမည်

(GMT+08:00) 2015-09-02 16:30:56

စက်တင်ဘာလ ၃ရက်နေ့သည် ဂျပန် ကျူးကျော်မှု တရုတ်ပြည်သူများ ခုခံရေးစစ်နှင့် ကမ္ဘာ့ ဖက်ဆစ် ဆန့်ကျင်ရေးစစ် အောင်ပွဲခံ အထိမ်းအမှတ်နေ့ ဖြစ်ကြောင်း၊ ၃ရက်နေ့ နံနက် ၁၀နာရီ အချိန်တွင် ပီကင်း ထျန်အန်မင် ရင်ပြင်တော်၌ အထိမ်းအမှတ်ပွဲကို ကျင်းပမည် ဖြစ်ကြောင်း၊ တရုတ် ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေး မှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေး ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အရေးကြီး မိန့်ခွန်း ပြောကြားပြီး ဂုဏ်ပြုတပ်ဖွဲ့များကို စစ်ဆေးမည် ဖြစ်ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။ 

တရုတ် ဗဟို ပြည်သူ့ အသံလွှင့်ဌာန၊ ဗဟို ရုပ်မြင်သံကြားဌာန(စီစီတီဗီ)နှင့် စီအာအိုင် တို့သည် ၄င်းအထိမ်းအမှတ်ပွဲကို တိုက်ရိုက်ထုတ်လွှင့်မည် ဖြစ်ကြောင်း သိရသည်။

   Webradio