• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စစ်ပွဲကို လေးနက်စွာ ပြန်လည်သုံးသပ်ဖို့ ဂျပန် ပညာရှင်များ ပန်ကြား

(GMT+08:00) 2015-09-02 16:28:29

မနက်ဖြန် စက်တင်ဘာ ၃ရက်နေ့မှာ တရုတ်ပြည်ဟာ ဂျပန် ကျူးကျော်မှု တရုတ် ပြည်သူများ ခုခံရေးစစ်နဲ့ ကမ္ဘာ့ ဖက်ဆစ် ဆန့်ကျင်ရေးစစ် အောင်ပွဲခံ ခဲ့တဲ့နှစ် ၇၀ပြည့် အထိမ်း အမှတ်ပွဲကို ကြီးကျယ်ခမ်းနားစွာ ကျင်းပမယ်။ ဂျပန် စစ်ဝါဒီများ လှုံ့ဆော်ခဲ့တဲ့ ကျူးကျော် ရေးစစ်ပွဲ အပေါ် ဂျပန် ပညာရှင်နဲ့ တရုတ်-ဂျပန် ချစ်ကြည်ရေး အတွက် ကြိုးပမ်းဆောင်ရွက် သူများက စစ်ပွဲ ဘေးဆိုးကို နောက်တစ်ကြိမ် မဖြစ်ပွားအောင် စစ်ပွဲကို အပြီးအပြတ် ပြန်လည် သုံးသပ်သင့်ကြောင်း၊ ဂျပန် ကျူးကျော်မှု တရုတ်ပြည်သူ များ ခုခံရေးစစ် အောင်ပွဲ၊ ကမ္ဘာ့ ဖက်ဆစ် ဆန့်ကျင်ရေးစစ် အောင်ပွဲ အတွက် တရုတ် ပြည်သူများ အောင်ပွဲခံခြင်းရဲ့ အကျိုးပြု စွမ်းဆောင်မှုကို အထူးချီးကျူးကြောင်း ပြောကြား တယ်။

ပြီးခဲ့တဲ့ နှစ်၇၀တုန်းက ဂျပန် စစ်ဝါဒီများရဲ့ ကျူးကျော်နင်းချေမှုကြောင့် တရုတ် ပြည်သူများ အပါအဝင် အာရှ ပြည်သူများဟာ ရက်စက်တဲ့ ဖျက်ဆီးစော်ကားခြင်း ခံခဲ့ရ တယ်။ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးတဲ့ ဂျပန် ပြည်သူများက ဂျပန် စစ်ဝါဒီတွေ လှုံ့ဆော်ခဲ့တဲ့ စစ်ပွဲရဲ့ ကျူးကျော်မှု အတွင်းသရုပ်ကို လေးနက်စွာ ဖော်ထုတ် ရှုတ်ချကြတဲ့ အပြင်၊ စစ်ပွဲ ဘေးဆိုးကို ထပ်မံ မဖြစ်ပွားအောင် စစ်ပွဲကို အပြီးအပြတ် ပြန်လည် သုံးသပ်ဖို့ ပန်ကြား ကြတယ်။

ဂျပန် နိုင်ငံသား တစ်ဦးက အဲဒီစစ်ပွဲဟာ ကျူးကျော်ရေးစစ် ဖြစ်ကြောင်း၊ ဂျပန်ဟာ အင်မတန် ရက်စက်တဲ့ ကိစ္စကို လုပ်ခဲ့ကြောင်း ပြောကြားတယ်။ နောက်တစ်ဦးက အာရှကို လွတ်မြောက်စေမယ်လို့ ဂျပန်က ပြောကြားခြင်း ဟာ မိုက်မဲတဲ့ အကြောင်းပြချက် ဖြစ်ကြောင်း၊ တရုတ်ပြည်ကို ဂျပန်ရဲ့ ကျူးကျော်မှုဟာ ရိုင်းစိုင်းတဲ့ လုပ်ရပ် ဖြစ်ကြောင်း ပြောကြားတယ်။

ဂျပန် ကျူးကျော်မှု တရုတ်ပြည်သူများ ခုခံရေးစစ် အောင်ပွဲဟာ တရုတ် ခေတ်နီးပိုင်း မှာ ပြည်ပ ကျူးကျော်မှုကို ခုခံပြီး ပထမဆုံး အကြိမ် အဖြစ် အမျိုးသား လွတ်မြောက်ရေးစစ် အောင်ပွဲ အပြီးအပြတ် ရရှိခြင်း ဖြစ်ပြီး တရုတ် အမျိုးသား ပြန်လည် ဖွံ့ဖြိုးရေး လမ်းကြောင်း ပေါ် တက်လှမ်းဖို့ သမိုင်းဝင် အစပျိုးခန်းလည်း ဖြစ်တယ်။ ဂျပန် ပညာရှင်များက တရုတ် အမျိုးသားတွေ အတွက် ခုခံရေးစစ် အောင်ပွဲရဲ့ အရေးကြီးတဲ့ အဓိပ္ပါယ်ကို အပြည့်အဝ အသိ အမှတ် ပြုကြတယ်။ စာအီတာမာ တက္ကသိုလ် ဂုဏ်ထူးဆောင် ပါမောက္ခ ကာမာကူရာ တာကာအိုက နယ်ချဲ့သမားများရဲ့ ကျူးကျော်မှုကို တရုတ်ပြည် သူများဟာ ထကြွခုခံပြီး အမျိုးသား လွတ်မြောက်ရေးနဲ့ လွတ်လပ်ရေးကို အကောင်အထည် ဖော်ခဲ့ကြောင်း၊ ဒါဟာ တစ်ခေတ်ပြောင်းစေတဲ့ အနက်အဓိပ္ပါယ် ရှိကြောင်း ပြောကြားတယ်။

ဂျပန် နိုင်ငံရေး ဆိုင်ရာ ဝေဖန်ရေးသမား၊ တရုတ်ပြည် ဝူဟန့် တက္ကသိုလ် ပါမောက္ခ ဂျီရို ဟွန်ဇာဝါက တရုတ်ပြည်ဟာ ကြီးကျယ်လှတဲ့ နိုင်ငံကြီး ဖြစ်တဲ့အတွက် ပြည်သူများကို စည်းလုံးညီညွတ်စေဖို့ဟာ အင်မတန် ခက်ခဲကြောင်း၊ ဒါပေမဲ့ ဂျပန် ကျူးကျော်မှု ခုခံရေးစစ် မှာ တရုတ်ကွန်မြူနစ်ပါတီ၊ ကွန်မြူနစ်ပါတီ ဦးဆောင်မှုနဲ့ အမှတ်၈ စစ်ကြောင်း တပ်မတော် တို့ဟာ တရုတ်ပြည်သူများကို သွေးစည်းညီညွတ်စေပြီး ဖက်ဆစ်ဆန့်ကျင်ရေး စစ်ကို အတူတကွ ဆင်နွှဲတိုက်ခိုက်ကြကြောင်း၊ အမှတ်၈ စစ်ကြောင်းရဲ့ စည်းကမ်းတင်းကျပ် ပြတ်သားခြင်းဟာ ပြည်သူများကို စည်းလုံးညီညွတ် စေပြီး သူတို့ရဲ့ အားပေးထောက်ခံမှုကို ရရှိခဲ့တဲ့ အဓိက အကြောင်းရင်း ဖြစ်ကြောင်း၊ အမှတ်၈ စစ်ကြောင်း ဟာ ပြည်သူများရဲ့ တပ်မတော် ဖြစ်ကြောင်း ပြောကြားတယ်။

ဒါ့အပြင်၊ သူက တရုတ် ခုခံရေးစစ်ရဲ့ အောင်ပွဲခံမှုဟာ ကမ္ဘာ့ ဖက်ဆစ် ဆန့်ကျင်ရေး စစ်ကို အဆုံးသတ်ဖို့ အတွက် ကြီးမားတဲ့ အကျိုးပြု စွမ်းဆောင်မှု ပေးခဲ့ ကြောင်း၊ တရုတ်ပြည်သူများ အပါအဝင် အာရှပြည်သူများကို ဂျပန် နယ်ချဲ့သမားများရဲ့ ဖျက်ဆီး စော်ကားမှုမှ လွတ်မြောက်စေရေး အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍ ကနေ ပါဝင် ဆောင်ရွက်ခဲ့ကြောင်း ပြောကြားတယ်။

   Webradio