• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စက်တင်ဘာ ၃ ရက် ဗိုလ်ရှုသဘင် နိုင်ငံတကာအလေးအနက်ပြု

(GMT+08:00) 2015-09-02 14:58:19

မနက်ဖြန်စက်တင်ဘာလ ၃ ရက်နေ့မှာ တရုတ်ပြည်သူ့ ဂျပန်ကျူးကျော်မှုခုခံရေး စစ်ပွဲအောင်ပွဲခံ နှစ် ၇၀ ပြည့်နဲ့ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်အောင်ပွဲခံနှစ် ၇၀ ပြည့် အထိမ်းအမှတ်ပွဲကို ကြီးကျယ်သိုက်မြိုက်စွာ ကျင်းပမယ့်အပြင်၊ ကြီးကျယ်ခန်းနားတဲ့ ဗိုလ်ရှုသဘင်ပွဲကိုလည်း ကျင်းပမှာဖြစ်ပါတယ်။ အခုအကြိမ် ဗိုလ်ရှုသဘင်ပွဲရဲ. အနက် အဓိပ္ပါယ်နဲ့ ပတ်သက်ပြီး၊ နိုင်ငံတကာမိသားစုကြီးက တန်ဖိုးထားအကဲဖြတ်ရာမှာ၊ တရုတ် ပြည်ဟာ ကမ္ဘာ့ပြည်သူများနဲ့အတူ၊ အဲဒီရခဲသော အောင်မြင်မှုကို အထိမ်းအမှတ်ပြုပြီး၊ ဒုတိယကမ္ဘာစစ်ကြီးရဲ.အောင်မြင်မှုများနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်ထိန်းသိမ်း ကာ၊ ဖက်ဆစ်ဝါဒ၊ စစ်ဝါဒများရဲ.ရက်စက်ကြမ်းကြုတ်မှုပြန်ဖြစ်လာရေးကို ဘယ်နည်းနဲ့မှ ခွင့်မပြု တော့ကြောင်း ဖော်ပြခဲ့ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက၊ သမိုင်းကို အမြဲထာဝစဉ်မှတ်သားတာ ဟာ အင်မတန်အရေးကြီးကြောင်း၊ အတိတ်ကနေ၊ ဘယ်လိုသင်ခန်းစာမျိုးကို မှတ်ယူသင့် သလဲဆိုတာကို စဉ်းစားသင့်ရုံသာမက၊ အဲဒီသင်ခန်းစာတွေကို ပိုမိုကောင်းမွန်တဲ့ ကမ္ဘာတည်ဆောက်ရေးမှာ ထိရောက်စွာအသုံးပြုသင့်ကြောင်း၊ ဒါဟာ ကျွန်တော့် တရုတ် ခရီးစဉ်ရဲ. အဓိကရည်ရွယ်ချက်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဂျာမဏီနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ရှ်ရိုဒါက၊ ဒုတိယကမ္ဘာစစ်အောင်ပွဲခံမှုအပေါ် အထိမ်းအမှတ်ပွဲကျင်းပခြင်းဟာ တစ်ကမ္ဘာလုံးငြိမ်းချမ်းရေး၊ လုံခြုံစွာ ဖွံ့ဖြိုးရေးကို တွန်းအား ပေးဖို့ အလွန့်အလွန်အရေးကြီးကြောင်း၊ လူသားတို့အနေနဲ့၊ ဒုတိယကမ္ဘာစစ်ကြီးမှ ဖြစ်ပေါ်လာတဲ့ ကြောက်ဖွယ်ကောင်းသော ဆိုးကျိုးတွေကို ကြည်ကြည်လင်လင် နိုးနိုး ကြားကြားမှတ်သားပြီး၊ ကျင့်ဝတ်တရားနဲ့ နိုင်ငံရေးတာဝန်များကို ရဲရဲရင့်ရင့်ရှုမြင်ကာ၊ တစ် ကမ္ဘာလုံးငြိမ်းချမ်းရေး၊ လုံခြုံရေးအတွက် စွမ်းဆောင်မှုပြုသင့်ကြောင်းပြောကြားခဲ့ပါတယ်။

အီတလီနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး ရှာလဲကယ် လာဇို့ဗှ်က၊ တရုတ်ပြည်သူ့ ဂျပန်ကျူးကျော်မှုခုခံရေးစစ်ပွဲအောင်ပွဲခံ နှစ် ၇၀ ပြည့်နဲ့ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ် အောင်ပွဲခံနှစ် ၇၀ ပြည့် ဗိုလ်ရှုသဘင်ပွဲမှာ ရုရှားနဲ့ တရုတ် တပ်မတော်တို့ပါဝင်ကြခြင်းဟာ ကြီးမားတဲ့ အဓိပ္ပါယ်ပါရှိကြောင်း၊ ဒါဟာ ရုရှား-တရုတ်ဘက်စုံမဟာဗျူဟာ မြောက်ပူးပေါင်း ဆောင်ရွက်ရေးမိတ်ဖက်ဆက်ဆံမှုရဲ.မြင့်မားတဲ့ အဆင့်အတန်းကို ပြသရုံသာမက၊ ယူရေးရှားနဲ့တစ်ကမ္ဘာလုံးအေးချမ်းတည်ငြိမ်ရေးကို နှစ်နိုင်ငံတို့ အတူတကွကာကွယ်ကြ မယ်ဆိုတဲ့ သန္နိဋ္ဌာန်ကိုလည်း ပြသကြောင်း ပြောကြားခဲ့ပါတယ်။

အင်ဒိုနီးရှား အင်ဟွာ-နေ့စဉ်သတင်းစာမှ အယ်ဒီတာချုပ် လီကျော်ဟွေးက၊ ယေဘုယျ အားဖြင့်၊ လက်ရှိနိုင်ငံတကာပတ်ဝန်းကျင်ဟာ အေးချမ်းတည်ငြိမ်ကြောင်း၊ အဲဒီအခြေအနေ ကို အာမခံပေးတာဟာ စစ်ပြီးကာလ နိုင်ငံတကာစနစ်များပဲဖြစ်ကြောင်း၊ ဒုတိယ ကမ္ဘာစစ်ရဲ. အောင်မြင်မှုများကို ကာကွယ်ထိန်းသိမ်းခြင်းဟာ နိုင်ငံတကာစနစ်များကို အာမခံပေးဖို့ အထောက်အကူပြုနိုင်ရုံသာမက၊ နိုင်ငံအသီးသီးရဲ.စီးပွားရေးတိုးတက်မှု အတွက် အေးချမ်းတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံ အာရှနေ့စဉ်သတင်းစာမှ ဒု တာဝန်ခံ ချန်ဖုန်းက၊ တရုတ်ပြည်အနေနဲ့၊ ငြိမ်းချမ်းမှု ထိန်းသိမ်းကာကွယ်ရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးနဲ့ ဘေးအန္တရာယ် ကယ်ဆယ်ရေးများမှာ အစဉ်တစိုက် တာဝန်ရှိစွာ ပါဝင်ကြောင်း၊ စက်တင်ဘာ ၃ ရက် ဗိုလ်ရှုသဘင်ပွဲဟာ တရုတ်ပြည်က နိုင်ငံကြီးတာဝန်ထမ်းဆောင်ဖို့်စွမ်းရည်ရှိပြီး၊ ကမ္ဘာ့ ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် စွမ်းဆောင်မှုပြုနိုင်တာကို ကမ္ဘာ့ပြည်သူများအား ပြသမှာဖြစ် ကြောင်းပြောကြားခဲ့ပါတယ်။

   Webradio