• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ခုခံရေးစစ်အတွင်း တရုတ်ကွန်မြူနစ်ပါတီရဲ့ အခန်းကဏ္ဍ ရုရှားပညာရှင်များ အထူးချီးကျူး

(GMT+08:00) 2015-09-01 16:48:49

စက်တင်ဘာ ၃ရက်နေ့မှာ တရုတ်ပြည်ဟာ ဂျပန် ကျူးကျော်မှု တရုတ်ပြည်သူများ ခုခံရေးစစ်နဲ့ ကမ္ဘာ့ ဖက်ဆစ် ဆန့်ကျင်ရေးစစ် အောင်ပွဲခံခဲ့တဲ့ နှစ် ၇၀ပြည့် အထိမ်းအမှတ်ပွဲကို ကြီးကျယ်ခမ်းနားစွာ ကျင်းပမယ်။ ရုရှား သမ္မတ ပူတင်ဟာ အထိမ်းအမှတ်ပွဲကို တက်ရောက်ပါမယ်။ ဒုတိယ ကမ္ဘာစစ်အတွင်း တရုတ်နဲ့ ဆိုဗီယက် ယူနီယံဟာ အာရှတိုက်နဲ့ ဥရောပတိုက်မှာ အဓိက စစ်မြေပြင် ၂ခု ဖြစ်ခဲ့ကာ ဖက်ဆစ်ကို အနိုင် တိုက်ခိုက်ပြီး ဒုတိယ ကမ္ဘာစစ် အောင်ပွဲ အတွက် ကြီးမားတဲ့ အကျိုးပြု စွမ်းဆောင်မှု တွေကို ပြုလုပ်ခဲ့ကြတယ်။ တရုတ်ပြည် အနေနဲ့ ခုခံရေးစစ် အတွင်း ဆိုဗီယက်ယူနီယံ ပေအပ်ခဲ့တဲ့ ကူညီပံ့ပိုးမှုကို မေ့သွားမှာ မဟုတ်ဘူး။ အာရှစစ်မြေပြင်မှာ တရုတ်ပြည်ရဲ့ ကြံ့ခိုင်သန်မာတဲ့ ခုခံမှုကြောင့် ဂျပန်ရဲ့ စစ်အင်အားကို ထိရောက်စွာ ချုပ်ကိုင်နိုင်ခဲ့တယ်။ ဒါဟာ ဂျာမဏီ ဖက်ဆစ်ကို ဆိုဗီယက် ယူနီယံက အနိုင်တိုက်ခိုက်ပြီး ဒုတိယကမ္ဘာစစ်ကို အဆုံးသတ်ဖို့ အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍ ကနေ ပါဝင်ဆောင်ရွက်ခဲ့တယ်။ ရုရှား ပညာရှင်များက ဂျပန်ကျူးကျော်မှုကို တရုတ်ပြည်သူများရဲ့ ခုခံရေးစစ်မှာ တရုတ်ကွန်မြူနစ် ပါတီဟာ တပ်ဦးပါတီ အနေနဲ့ ကျောရိုးမဏ္ဍိုင်ကျတဲ့ အခန်းကဏ္ဍ ကနေ ပါဝင်ဆောင်ရွက် ခဲ့ကြောင်း ယူဆကြတယ်။

ရုရှား-တရုတ် ချစ်ကြည်ရေး အသင်း ပထမ ဒုဥက္ကဋ္ဌ၊ ရုရှား သိပ္ပံပညာ အကယ်ဒမီ အရှေ့ဖျား ရေးရာ သုတေသနဌာန အဆင်ြ့မင့် သုတေသီ ဂါလီနာ ကူလီကိုဗာက စီအာအိုင် သတင်းထောက်နဲ့ တွေ့ဆုံရာမှာ တရုတ်ပြည်ရဲ့ ခုခံမှုကြောင့် ဂျပန်ဟာ ဆိုဗီယက်ယူနီယံကို ရည်ရွယ်တဲ့ ဒုတိယ စစ်မြေပြင်ကို မဖွင့်နိုင်ခဲ့ကြောင်း၊ တရုတ် ခုခံရေးစစ်ဟာ တရုတ်ပြည် ကို လွတ်မြောက်စေခဲ့ရုံသာမကဘဲ ဆိုဗီယက်ယူနီယံကိုလည်း ကူညီပံ့ပိုးခဲ့ခြင်းကြောင့် ဆိုဗီယက်ဟာ အနောက်စစ်မျက်နှာမှာ အောင်ပွဲခံခဲ့ကြောင်း ပြောကြားတယ်။

ဒါ့အပြင်၊ သူက ခုခံရေးစစ်ရဲ့ အစဦးပိုင်းမှာ တရုတ် ကွန်မြူနစ် ပါတီဟာ ပြည်သူများ အား ဂျပန်ကျူးကျော်မှုကို ထကြွခုခံဖို့ လှုံ့ဆော်ခဲ့ကြောင်း၊ ဂျပန် စစ်တပ် ဘက်စုံ ကျူးကျော်မှု ပြုလုပ်ခဲ့တဲ့ နောက်ပိုင်းမှာ တရုတ် ကွန်မြူနစ်ပါတီဟာ အမျိုးသား  ညီညွတ် ရေး တပ်ပေါင်းစု ဖွဲ့စည်းတည်ထောင်ဖို့ အတွက် တက်ကြွစွာ တိုက်တွန်းအားပေးခဲ့ကြောင်း၊ ဒါကြောင့် ဂျပန် ကျူးကျော်မှုကို ခုခံရေးစစ် အောင်ပွဲခံခြင်းဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဦးဆောင်မှုနဲ့ အမျိုးသား တပ်ပေါင်းစုရဲ့ ကြီးမြတ်တဲ့ အောင်မြင်မှု ဖြစ်ကြောင်း ပြောကြား တယ်။

တရုတ်ရေးရာ ရုရှားပညာရှင် ရူရီ တာဗ်ရိုဗ်စကီးက တရုတ်ပြည်ဟာ အင်အားတောင့် တင်းတဲ့ ရန်သူကို ရင်ဆိုင်ပြီး ကြီးမားတဲ့ ဖိအား ခံခဲ့ရပေမဲ့ အခြားနိုင်ငံ အချို့လို အညံ့ခံ အလျှော့ပေးရေး ဝါဒကို မကျင့်သုံးဘဲ ၈နှစ်ကြာ ဆင်နွှဲတိုက်ခိုက်ပြီး အောင်ပွဲခံခဲ့ကြောင်း၊ တရုတ် ကွန်မြူနစ်ပါတီဟာ ဒီအောင်ပွဲမှာ အင်မတန် အရေးကြီးတဲ့ အခန်းကဏ္ဍ ကနေ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း ပြောကြားတယ်။

တာဗ်ရိုဗ်စကီးက ၂၀၁၄ခုနှစ်မှာ တရုတ်ပြည်ဟာ ခုခံရေးစစ် အထိမ်းအမှတ်နေ့ ထားရှိကြောင်း ကြေညာပြီး ၂၀၁၅ခုနှစ်မှာ ဗိုလ်ရှုခံပွဲကို ကျင်းပမှာ ဖြစ်ကြောင်း ဆုံးဖြတ် ခဲ့တယ်။ ဒါဟာ တရုတ်ပြည် အနေနဲ့ ၈နှစ်ကြာ ခုခံရေးစစ်ရဲ့ အောင်ပွဲခံသူ အဖြစ်ကို ပိုပြီး အလေးထားဖော်ပြခြင်းကို ရောင်ပြန်ထင်ဟပ်ကြောင်း၊ "တရုတ်အိပ်မက်" ဖြစ်တဲ့ ကြီးမြတ် တဲ့ ရည်မှန်းချက်ရဲ့ အားပေးထောက်ခံမှု၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရဲ့ ကျားကန်ပေးမှုနဲ့ တရုတ်ပြည်ဟာ ကိုယ့်ကိုယ်ကိုယ် ဒုတိယ ကမ္ဘာစစ်မှာ အောင်ပွဲခံသူ အဖြစ် ရှုမြင်ကြောင်း ပြောကြားတယ်။

   Webradio