• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

"သမိုင်းကို အရှေ့တောင်အာရှ မေ့သွားမည် မဟုတ်" ဆောင်းပါး အမှတ် ၅ -- သမိုင်းကို အမြဲထာဝစဉ်မှတ်သား၊ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုး

(GMT+08:00) 2015-08-31 17:00:17

ဒီနှစ်စက်တင်ဘာလ၂-ရက်နေ့ဟာ ဂျပန်နိုင်ငံက လက်နက်ချကြောင်း တရားဝင် လက်မှတ်ရေးထိုးခဲ့တဲ့ နှစ်၇၀-ပြည့်နေ့ဖြစ်သလို ဂျပန်ကျူးကျော်မှုကို တရုတ်ပြည်သူများ ခုခံရေးစစ်ပွဲနဲ့ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်ပွဲခံခဲ့တဲ့ နှစ်၇၀-ပြည့်နေ့လည်းဖြစ် ပါတယ်။

၂၀-ရာစုနှစ်ပထမအနှစ်၅၀-အတွင်း အာရှနိုင်ငံအသီးသီးထဲမှာ ဂျပန်မှအပ များသော အားဖြင့် ကိုလိုနီနိုင်ငံ၊ ကိုလိုနီတပိုင်းနိုင်ငံတွေဖြစ်ကြပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးမှာ တရုတ်နိုင်ငံနဲ့ အရှေ့တောင်အာရှနိုင်ငံတွေဟာ ဂျပန်စစ်ဝါဒရဲ့ကျူးကျော်မှုကို ခံခဲ့ကြရ ပါတယ်။ တူညီတဲ့ကံကြမ္မာကြောင့် တရုတ်နိုင်ငံနဲ့ အာရှနိုင်ငံတွေဟာ ရင်းနှီးစွာပူးပေါင်း ဆောင်ရွက်ခဲ့ကြပါတယ်။

တရုတ်စစ်ရေးအကယ်ဒမီအသင်း ကမ္ဘာ့စစ်ရေးသုတေသနဌာန သုတေသီ ဟို့ရှင်ချင် က၊

တရုတ်နိုင်ငံရဲ့ ဂျပန်ကျူးကျော်မှုခုခံရေးစစ်ပွဲဟာ အရှေ့တောင်အာရှဒေသအတွက် စံနမူနာဖြစ်ခဲ့ကြောင်း၊ အာရှနိုင်ငံအသီးသီးတို့ရဲ့ဂျပန်ကျူးကျော်မှုခုခံရေးစစ်ပွဲတွေအတွက် တရုတ်နိုင်ငံဟာ အလံဖြစ်ကြောင်း ပြောသွားပါတယ်။

တရုတ်နိုင်ငံရဲ့ ဂျပန်ခုခံရေးစစ်ပွဲဟာ နိုင်ငံတကာမိသားစုကြီးရဲ့ စာနာထောက်ထားမှု ရခဲ့ပါတယ်။ ဆိုဗီယက်ယူနီယံ၊ အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်စတဲ့နိုင်ငံတွေဟာ တရုတ် နိုင်ငံရဲ့ ဂျပန်ခုခံရေးစစ်ပွဲကို ထောက်ခံခဲ့ကြပါတယ်။ မြန်မာ၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင် ဖက်ဆစ်ဆန့်ကျင်ရေး တပ်သားတွေဟာ ဂျပန်ကျူးကျော်မှုကို တော်လှန်တဲ့ တရုတ်ပြည်သူများခုခံရေးစစ်ပွဲမှာ တိုက်ရိုက်ပါဝင်ခဲ့ကြပါတယ်။

၁၉၄၁-ခုနှစ်ဒီဇင်ဘာလ၇-ရက်နေ့က ပစိဖိတ်သမုဒ္ဒရာစစ်ပွဲဖြစ်ပွားပြီးနောက် ဂျပန် တပ်ဖွဲ့ဟာ အရှေ့တောင်အာရှဒေသကို အလျင်အမြန်သိမ်းပိုက်ခဲ့ပါတယ်။ အရှေ့တောင် အာရှပြည်သူများဟာ စစ်ပွဲဆင်နွှဲပြီး တရုတ်ပြည်သူများနဲ့အတူ ဂျပန်ဖက်ဆစ်ဝါဒကို တိုက်ဖျက်ခဲ့ကြပါတယ်။

တရုတ်ယနေ့ခေတ်နိုင်ငံတကာဆက်ဆံမှုသုတေသနဌာန အရှေ့တောင်အာရှရေးရာ ပညာရှင် ကျန်ရွှေကန် က၊

၁၉၃၉-ခုနှစ်က တရုတ်ဟွေဘာသာတိုင်းပြည်ကယ်ဆယ်ရေးအသင်းဟာ မာထျန်ယင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းတည်ထောင်ခဲ့ကြောင်း၊ ကိုယ်စားလှယ် အဖွဲ့ရဲ့ အဓိကတာဝန်ဟာ အရှေ့တောင်အာရှနိုင်ငံတွေကို တရုတ်နိုင်ငံရဲ့ ဂျပန်ခုခံရေး အကြောင်း သိရှိစေရေးဖြစ်ကြောင်း၊ ၁၉၄၁-ခုနှစ်က အဲဒီကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံ ကို ပြန်ရောက်လာတဲ့အခါ မလေးရှားလူမျိုးတို့ဟာ ဂျပန်ကုန်ပစ္စည်းတွေကို မဝယ်တော့ ကြောင်း ပြောသွားပါတယ်။

ဒီနှစ်စက်တင်ဘာလ၃-ရက်နေ့မှာ ဂျပန်ကျူးကျော်မှုကို တရုတ်ပြည်သူများ ခုခံရေးစစ်ပွဲနဲ့ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်ပွဲခံခဲ့တဲ့ အနှစ်၇၀-ပြည့်အထိမ်း အမှတ်ပွဲကို ပီကင်းမြို့မှာ ကြီးကျယ်ခမ်းနားစွာကျင်းပမှာဖြစ်ပါတယ်။ အရှေ့တောင်အာရှ နိုင်ငံတွေက ထိပ်သီးခေါင်းဆောင်များ၊ သမ္မတရဲ့အထူးကိုယ်စားလှယ်များ၊ အစိုးရရဲ့ အထူး ကိုယ်စားလှယ်များနဲ့ ထိပ်သီးခေါင်းဆောင်ဟောင်းများဟာ အဆိုပါအထိမ်းအမှတ်ပွဲသို့ တက်ရောက်မှာဖြစ်ကြပါတယ်။

ပညာရှင် ကျန်ရွှေကန် က၊

ကျွန်တော်တို့ရဲ့စစ်ပွဲအောင်ပွဲခံအထိမ်းအမှတ်ပွဲ ကျင်းပတဲ့ရည်ရွယ်ချက်ဟာ မုန်းတီးမှု ကို အားပေးခြင်းမဟုတ်ဘဲ သေဆုံးသူများကို အထိမ်းအမှတ်ပြုခြင်းဖြစ်ကြောင်း၊ အဲဒီထဲမှာ သေဆုံးခဲ့တဲ့ ဂျပန်အရပ်သူအရပ်သားများလည်း ပါဝင်ကြောင်း၊ စစ်ပွဲအောင်ပွဲခံတဲ့ အနှစ် ၇၀-ပြည့်အထိမ်းအမှတ်ပွဲ ကျင်းပတဲ့ ရည်ရွယ်ချက်ဟာ ငြိမ်းချမ်းရေးကို ကာကွယ် ထိန်းသိမ်းခြင်းဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးဟာ တန်ဖိုးအရှိဆုံးဖြစ်ပြီး အရှေ့တောင်အရှ နိုင်ငံတွေရဲ့ အတူတကွကြိုးပမ်းဆောင်ရွက်မှုလိုတယ်လို့ ထာဝစဉ်မှတ်သားထားဖို့လို ကြောင်း ပြောသွားပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေက အရပ်ဘက်အဖွဲ့အစည်းနဲ့ ပညာရှင်များဟာ ဒီနှစ်မှာ အထိမ်းအမှတ်ပွဲတွေကို ကျင်းပပြီး ဂျပန်သိမ်းပိုက်ခဲ့ခြင်းကို အမြဲထာဝစဉ်မှတ်သားထားကာ နယ်ချဲ့ဝါဒပြန်လည်မထွန်းကားစေဖို့ သတိပေးခဲ့ကြပါတယ်။

ပညာရှင် ကျန်ရွှေကန် က၊

ဒီနေ့အထိ အရှေ့တောင်အာရှဟာ ကမ္ဘာ့ငြိမ်းချမ်းရေး၊ အရှေ့အရှငြိမ်းချမ်းရေးကို ကာကွယ်ထိန်းသိမ်းနေတဲ့ အဓိကအင်အားတစ်ခုဖြစ်ကြောင်း၊ တရုတ်နိုင်ငံနဲ့ အရှေ့တောင် အာရှတို့ဟာ ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်ရေးဘက်မှာ တူညီတဲ့ရည်မှန်းချက်ရှိကြောင်း၊ နောင် မှာ ဒေသတွင်းငြိမ်းချမ်းတည်ငြိမ်ရေးကို ကာကွယ်ထိန်းသိမ်းဖို့ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်များဖြစ်ကြကြောင်း ပြောသွားပါတယ်။

 

   Webradio