• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဖက်ဆစ်ဆန့်ကျင်ရေး စစ်ပွဲအောင်ပွဲခံ နှစ်၇၀ပြည့် အထိမ်းအမှတ် ဓာတ်ပုံပြပွဲ မန်းတွင် ကျင်းပ

(GMT+08:00) 2015-08-31 15:30:41

ဖက်ဆစ်ဆန့်ကျင်ရေး စစ်ပွဲအောင်ပွဲခံ နှစ်၇၀ပြည့် အထိမ်းအမှတ် ဓာတ်ပုံပြပွဲကို သြဂုတ်လ ၂၉ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံ မန္တလေးမြို့တွင် ၃ရက်ကြာ ကျင်းပခဲ့ ကြောင်း၊ ယင်းပြပွဲကို မန္တလေး မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း၊ မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးရုံးနှင့် မြန်မာနိုင်ငံရောက် တရုတ်မဟာမိတ် တပ်ဖွဲ့နှင့် ၎င်းတို့၏ နောင်လာနောက်သားအသင်းတို့သည် ကမ္ဘာငြိမ်းချမ်းရေးအတွက် ဆုတောင်း၊ သမိုင်း သင်ခန်းစာ မမေ့ရန် ဟူသော ခေါင်းစဉ်ခြင်း ပူးတွဲကျင်းပကြကြောင်း၊ တရုတ် ပြည်သူ့ နေ့စဉ် သတင်းစာမှ သတင်းအရ သိရပါသည်။

မန္တလေးဆိုင်ရာ တရုတ်ကောင်စစ်ဝန်ချုပ် Mr. Wang Yu က သမိုင်းသင်ခန်းစာကို ခိုင်မြဲစွာ မှတ်သားထားပြီး ရရှိထားသော ငြိမ်းချမ်းရေးကို ခိုင်မြဲစွာ ကာကွယ် စောင့်ရှောက်ရန် ယနေ့တွင် ကျွန်တော်တို့သည် အဖိုးတန်ဓာတ်ပုံများ ပြသခြင်းဖြင့် သမိုင်းကို တမ်းတသတိရကြောင်း၊ တရုတ်နှင့် မြန်မာတို့သည် အာရှစစ်မြေပြင်၏ အရေးကြီး အစိတ်အပိုင်း ဖြစ်ကြောင်း၊ နှစ်နိုင်ငံပြည်သူများသည် ပင်ပန်းခက်ခဲစွာ တိုက်ခိုက်ခဲ့ခြင်းဖြင့် အာရှစစ်မြေပြင်နှင့် တကမ္ဘာလုံး ဖက်ဆစ်ဆန့်ကျင်ရေး စစ်ပွဲ၏အောင်မြင်မှုအတွက် မပျက်ယွင်းနိုင်သော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း၊ ပြောကြားခဲ့သည်။

မန္တလေး မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ဥက္ကဌ ဦးပိုမြင့် က ယခုပြပွဲသည် သမိုင်းကြောင်းကို သိရှိစေရန် ရည်ရွယ်ပြီး သင်ခန်းစာယူ မမှားစေရန် ပြုလုပ်ခြင်း ဖြစ်ပါကြောင်း၊ ပြောကြားခဲ့ပါသည်။

   Webradio