• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အထူး လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ရှီကျင့်ဖိန် ထုတ်ပြန်

(GMT+08:00) 2015-08-30 16:23:55

တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ၂၉ရက်နေ့က ဥက္ကဋ္ဌ အထူးလွတ်ငြိမ်း ချမ်းသာခွင့် အမိန့်ကို ထုတ်ပြန်ခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရသည်။

၎င်း ဥက္ကဋ္ဌ အထူး လွတ်ငြိမ်းချမ်းသာခွင့် အမိန့်တွင် ထောင်ဒဏ်ကျခံနေသည့် ပြစ်မှု ကျူးလွန်ခဲ့သူ အချို့ကို အထူး လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းဆိုင်ရာ ၂၉ရက်နေ့က ၁၂ကြိမ် မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် အမြဲတမ်း ကော်မတီ ၁၆ကြိမ်မြောက် အစည်းအဝေး၌ အတည်ပြု ပြဌာန်းချက် အရ ဂျပန် ခုခံရေးစစ်နှင့် လွတ်မြောက်ရေးစစ်တွင် ပါဝင်ဆင်နွှဲခဲ့သူ အပါအဝင် ပြစ်မှု ကျူးလွန်သူ ၄မျိုးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမည် ဖြစ်ကြောင်း ထုတ်ပြန်သည်။

   Webradio