• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

"သမိုင်းကို အရှေ့တောင်အာရှ မေ့သွားမည် မဟုတ်" ဆောင်းပါး အမှတ် ၎

(GMT+08:00) 2015-08-28 17:21:37

ဒီနေ့ "သမိုင်းကို အရှေ့တောင်အာရှ မေ့သွားမည် မဟုတ်" ဆောင်းပါး အမှတ်၎မှာ ရေးသားထားတဲ့ အရှေ့တောင်အာရှကို ဂျပန်က လွတ်မြောက်စေခဲ့တယ် ဆိုတဲ့ ပြောဆိုချက်ဟာ အထောက်အထား မရှိတဲ့ ပြောဆိုချက် ဖြစ်တဲ့ အကြောင်းကို ဆက်လက် ဖော်ပြပါ့မယ်။

ဒုတိယ ကမ္ဘာစစ်အတွင်း အရှေ့တောင် အာရှ နိုင်ငံများဟာ ဗြိတိန်၊ အမေရိကန်၊ ပြင်သစ်နဲ့ နယ်သာလန် စတဲ့ အနောက် နိုင်ငံများရဲ့ ကိုလိုနီ ဖြစ်တယ်။ ၁၉၄၁ခုနှစ် ဒီဇင်ဘာလ ၇ရက်နေ့က ဂျပန် စစ်တပ်ဟာ ပစိဖိတ်စစ်ကို လှုံ့ဆော်ခဲ့ရာမှာ အရှေ့တောင် အာရှ လွတ်မြောက်စေရေး ဆိုတာကို အကြောင်းပြပြီး ၆လအကြာမှာပဲ အမေရိကန်နဲ့ ဗြိတိန် တပ်ဖွဲ့တွေကို အနိုင်တိုက်ခိုက်ကာ အရှေ့တောင်အာရှ ဒေသကို သိမ်းပိုက်ခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ အာရှကို အာရှသူအာရှသား အုပ်ချုပ်ရေး ပြောဆိုချက်ကို ဂျပန်က တင်ပြပြီး အရှေ့တောင်အာရှမှာ ကိုလိုနီ အုပ်စိုးမှုကို ကျင့်သုံးခဲ့တယ်။ စစ်ပြီးခေတ်မှာ ဂျပန်ဟာ သူတို့ကိုယ်သူတို့ အရှေ့တောင်အာရှကို လွတ်မြောက်စေသူ အဖြစ် မှတ်ယူ တယ်။ ဒါဟာ ကျူးကျော်စစ်ကို လိမ်ညာပြောဆိုတဲ့ လုပ်ရပ်ပဲ ဖြစ်ကြောင်း လူအများက ယူဆကြတယ်။

ဂျပန် စစ်ဝါဒရဲ့ ထူးခြားချက်ဟာ လက်နက်အင်အားကို အားကိုးပြီး စစ်လိုလားခြင်း၊ အကြမ်းဖက်မှု လိုလားခြင်း၊ ကျူးကျော်မှုနဲ့ ချဲ့ထွင်မှုကို နိုင်ငံတည်ထောင်ရေး အတွက် အခြေခံအုတ်မြစ် အဖြစ် ထားခြင်း ဖြစ်တယ်။ တရုတ် သံတမန်ရေး ကောလိပ် နိုင်ငံတကာ ဆက်ဆံရေး သုတေသနဌာန ပါမောက္ခ ကျိုးယုံစိန်းက အရှေ့တောင်အာရှကို ဂျပန် ဝင်ရောက်ကျူးကျော်ခဲ့တဲ့ ရည်ရွယ်ချက်ကတော့ အနောက် နိုင်ငံက ကိုလိုနီနယ်ချဲ့တွေရဲ့ နေရာကို ဝင်ယူဖို့ ဖြစ်ကြောင်း ပြောကြားတယ်။

သူက ဂျပန်ဟာ နောက်မှ ရှင်သန်ဖွံ့ဖြိုးလာတဲ့ ပဒေသရာဇ် နယ်ချဲ့စစ်ဝါဒ နိုင်ငံ ဖြစ်ကြောင်း၊ ဂျပန်ဟာ ကိုလိုနီဝါဒကို စွဲကိုင်တဲ့ ဥရောပ နိုင်ငံဟောင်းများထက် လောဘရမ္မက် ပိုမို ကြီးမားသလို ပိုပြီး ရက်စက်ကြောင်း၊ သူဟာ အရှေ့တောင် အာရှ ဒေသ အပါအဝင် အာရှ ဒေသများမှာ အရင်းရှင်ဝါဒ နိုင်ငံဟောင်းများရဲ့ ကိုလိုနီ အုပ်စိုးမှုနေရာကို လုယူသိမ်းပိုက်ဖို့ ကြံစည်ကြောင်း၊ အဲဒီရှုထောင့်ကနေ ကြည့်ရင် ဂျပန်ကျူး ကျော်မှုရဲ့ အနှစ်သာရ ဟာ ဥရောပနဲ့ အမေရိကန်ရဲ့ ကျူးကျော်မှုနဲ့ တူညီရုံသာမကဘဲ ဂျပန်ရဲ့ကျူးကျော်မှုဟာ ပိုပြီး ရိုင်းစိုင်းရက်စက်ကြောင်း၊ ဒါကြောင့်မို့လို့ ဂျပန်က အာရှ ပြည်သူများကို လွတ်မြောက်စေ ခဲ့တာ ဆိုတဲ့ ပြောဆိုချက်မှာ အထောက်အထား လုံးဝ မရှိကြောင်း ပြောကြားတယ်။

တကယ်တော့ ဂျပန် စစ်တပ်ဟာ အရှေ့တောင်အာရှကို သိမ်းပိုက်ခဲ့ပြီးနောက် အရှေ့တောင် အာရှ ပြည်သူများအား သတ်ဖြတ်မှု၊ ကျွန်းပြုခြင်းနဲ့ သွေးစုပ်မှုကို လက်ရဲ ဇက်ရဲ ပြုလုပ်ခဲ့တယ်။ ဂျပန် ကျူးကျော်မှု ခုခံရေး စစ်ပွဲ တရုတ်ပြည်သူ့ အထိမ်းအမှတ် ဗိမာန် ဒုဒါရိုက်တာ လီဇုန်ယွမ်က ဂျပန်ဟာ အရှေ့တောင်အာရှကို ဝင်ရောက်ကျူးကျော်ပြီး လက်နက် အင်အားနဲ့ သယံဇာတတွေကို လုယက်ခဲ့ကြောင်း၊ ဒေသခံ ပြည်သူများဟာ အသက်၊ ဂုဏ်သိက္ခာနဲ့ အခြေခံ အခွင့်အရေးတွေ ဆုံးရှုံးခဲ့ရကြောင်း၊ ဂျပန်ဟာ အရှေ့တောင်အာရှမှာ စစ်လက် မှတ် တစ်မျိုးကို ထုတ်ပြန်ပြီး ဒေသခံ ငွေကြေးစနစ်ကို အနှောင့်အယှက်ပြုကာ ဥစ္စာဓနကို လုယက်ခဲ့ကြောင်း၊ ဒါကြောင့် အရှေ့တောင်အာရှကို ဂျပန်က လွတ်မြောက်စေခဲ့တာ ဆိုတဲ့ ပြောဆိုချက်ဟာ အထောက်အထား မရှိကြောင်း ပြောကြားတယ်။

လက်နက်ချကြောင်း လက်မှတ်မရေးထိုးရင် ဂျပန်စစ်တပ်ဟာ အရှေ့တောင်အာရှ ကနေ ရုပ်သိမ်းမှာ မဟုတ်ဘူး၊ ကိုင်ရိုကြေညာချက်နဲ့ Potsdam ကြေညာချက်မှာ ဂျပန်က သိမ်းပိုက်ထားတဲ့ နယ်မြေများမှ ရုပ်သိမ်းရမယ်လို့ ရှင်းလင်းတိကျစွာ သတ်မှတ်ထား တယ်။

တရုတ်စစ်ရေး သိပ္ပံပညာ ကမ္ဘာ့စစ်ရေး သုတေသနဌာန သုတေသီ ဟိုရှင်းချင်က ကမ္ဘာ့ဖက်ဆစ် ဆန့်ကျင်ရေး မဟာမိတ်အဖွဲ့ဝင်နိုင်ငံများထဲမှာ တရုတ်ပြည်ကပဲ စစ်ပြီးခေတ်မှာ အရှေ့တောင်အာရှ နိုင်ငံများ ကိုလိုနီ အုပ်စိုးမှု ပပျောက်စေပြီး လွတ်လပ် ရေး ရရှိနိုင်အောင် ပြတ်သားစွာ ထောက်ခံခဲ့ကြောင်း၊ ဒုတိယ ကမ္ဘာစစ် အတွင်း တရုတ် ပြည် အနေနှင့် ဖက်ဆစ် ဂျာမဏီနဲ့ ဂျပန်ကို ဆန့်ကျင်တဲ့ အပြင်၊ ကိုလိုနီစနစ်ကိုလည်း ဆန့်ကျင်ခဲ့ကြောင်း ပြောကြားတယ်။

   

   Webradio