• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

"သမိုင်းကို အရှေ့တောင်အာရှ မေ့သွားမည် မဟုတ်" ဆောင်းပါး အမှတ် ၃

(GMT+08:00) 2015-08-27 16:44:26

ဒီနေ့ "သမိုင်းကို အရှေ့တောင်အာရှ မေ့သွားမည် မဟုတ်" ဆောင်းပါး အမှတ်၃မှာ ရေးသားထားတဲ့ အရှေ့တောင်အာရှကို ဂျပန် စစ်ဝါဒီများ ဘာကြောင့် ဝင်ရောက်ကျူးကျော်ခဲ့တာလဲ ဆိုတဲ့ အကြောင်းကို ဆက်လက်ဖော်ပြပါ့မယ်။

အရှေ့တောင်အာရှဟာ အာရှတိုက်၊ အိုရှင်းနီးယားတိုက်၊ အိန္ဒိယ သမုဒ္ဒရာနဲ့ ပစိဖိတ် သမုဒ္ဒရာတို့ ဆက်စပ်ရာမှာ တည်ရှိတဲ့အတွက် ကမ္ဘာ့ပင်လယ်ရေကြောင်းနဲ့ လေကြောင်း သယ်ယူပို့ဆောင်ရေး အတွက် အရေးကြီးတဲ့ အချက်အချာဖြစ်ပြီး ကမ္ဘာပေါ်မှာ အရေးကြီး တဲ့ မဟာဗျူဟာ အဆင့်နေရာ ဖြစ်တယ်။ ၁၉၄၁ခုနှစ် စက်တင်ဘာလ ၇ရက်နေ့က ဂျပန်စစ်တပ်ဟာ ပုလဲဆိပ်ကမ်းမှာ တပ်စွဲထားတဲ့ အမေရိကန် စစ်သင်္ဘောအုပ်စုကို အလစ်ဝင် တိုက်ခိုက်ပြီး ပစိဖိတ်စစ်ကို လှုံ့ဆော်ကာ ၆လလောက်အကြာမှာ အရှေ့တောင် အာရှကို သိမ်းပိုက်ခဲ့တယ်။

တရုတ် သံတမန်ရေး ကောလိပ် နိုင်ငံတကာ ဆက်ဆံရေး သုတေသနဌာန ပါမောက္ခ ကျိုးယုံစိန်းက အရှေ့တောင်အာရှသို့ ဂျပန် ဝင်ရောက်ကျူးကျော်ခဲ့တဲ့ အကြောင်းရင်း များစွာ ရှိကြောင်း ယူဆတယ်။ သူက တစ်ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာ၊ ဂျာမဏီ၊ အီတလီနဲ့ အရှေ့အလယ်ပိုင်းဒေသမှာ တပ်များပေါင်းဆုံကြဖို့၊ မဟာဗျူဟာဆိုင်ရာ အရင်းအမြစ်၊ စစ်သုံးပစ္စည်းဆိုင်ရာ အရင်း အမြစ် သိမ်းယူအသုံးပြုဖို့၊ တရုတ်နဲ့ စစ်ဆင်ဖို့၊ အမေရိကန်နဲ့ စစ်ဆင်ဖို့ အပါအဝင် ဘက်ပေါင်စုံ လိုအပ်ချက်တွေကြောင့် ဂျပန်ဟာ အရှေ့တောင်အာရှ ဒေသကို သိမ်းပိုက်ဖို့ လိုအပ်တယ်လို့ ထင်မြင်ကြောင်း ပြောကြားတယ်။

ဒါ့အပြင်၊ ပါမောက္ခ ကျိုးယုံစိန်းက အရှေ့တောင်အာရှကို ဝင်ရောက်ကျူးကျော်ရေးမှာ ဂျပန်ဟာ အခြားရေရှည်စဉ်းစားချက်တွေလည်း ရှိနေသေးကြောင်း ပြောကြားတယ်။

သူက တစ်ကမ္ဘာလုံး ရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ဂျပန်ဟာ အရှေ့တောင်အာရှကို ဝင်ရောက် သိမ်းပိုက်ပြီး The Greater East Asia Coprosperity Sphereလို့ အမည်ပေးထားတဲ့ မဟာအရှေ့အာရှ သာတူညီမျှ ကောင်းစားရေးကို အသံကောင်းဟစ်ပြီး သိမ်းပိုက်ကြောင်း၊ အဲဒီဒေသရဲ့ အရှေ့ဘက်ကနေ အမေရိကန်နဲ့ အန်တုဖက်ပြိုင်နိုင်သလို အ နောက်ဘက် ကနေ အိန္ဒိယဘက်သို့ ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်ပြီး အိန္ဒိယကို သိမ်းပိုက်ကာ အရှေ့အလယ်ပိုင်းဒေသမှာ ဂျာမဏီ၊ အီတလီတို့နဲ့ ပေါင်းဆုံပြီး ဗြိတိန်ကို အညံ့ခံစေကာ အမေရိကန်ကို အစွမ်းကုန် ဖက်ပြိုင်နိုင်ကြောင်း၊ အဲဒါဟာ ဂျပန်ရဲ့ ရေရှည် မဟာဗျူဟာ ဖြစ်ကြောင်း ပြောကြားတယ်။

အရှေ့တောင်အာရှကို ဂျပန် စစ်တပ် ဝင်ရောက်ကျူးကျော်ခဲ့တဲ့ အကြောင်းရင်း တစ်ခု ကတော့ အရှေ့တောင်အာရှရဲ့ မဟာဗျူဟာ အရင်းအမြစ်ကို လုယူဖို့ ဖြစ်တယ်။ အရှေ့တောင်အာရှမှာ ရေနံ၊ ရော်ဘာ၊ စားနပ်ရိက္ခာနဲ့ သတ္တုတွင်းထွက် ပစ္စည်း အပါအဝင် ပေါ်ကြွယ်တဲ့ သဘာဝ သယံဇာတတွေ ရှိတယ်။ ဒါ့အပြင်၊ အဲဒီ အချိန်မှာ အရှေ့တောင် ဒေသရဲ့ လူဦးရေဟာ သန်း၁၅၀ရှိတယ်။ တရုတ်လူမှုရေး သိပ္ပံပညာ အကယ်ဒမီ အာရှ၊ ပစိဖိတ်နဲ့ တစ်ကမ္ဘာလုံး မဟာဗျူဟာ သုတေသန ဌာန အာရှ၊ ပစိဖိတ် လူမှုရေးနဲ့ ယဉ်ကျေးမှု သုတေသနဌာနခွဲ ဒါရိုက်တာချုပ် ရွှီလိဖိန်က အရှေ့တောင်အာရှရဲ့ သယံဇာတတွေဟာ ဂျပန်အတွက် အင်မတန် အရေးကြီး ကြောင်း၊ ရှုထောင်တစ်ခုကနေ ကြည့်ရင် အရှေ့တောင်အာရှရဲ့ မဟာဗျူဟာမြောက် အရင်းအမြစ်ဟာ ဂျပန် စစ်တပ်ကို အထောက်အပံ့ပေးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဆောင် ရွက်ခဲ့ကြောင်း၊ အနောက် ပစိဖိတ်မှာ စစ်ပွဲ အရှိန်မြင့်လာတာနဲ့အမျှ တရုတ်နဲ့ ကိုးရီးယား ကျွန်းဆယ်မှ လုယူရရှိတဲ့ သယံဇာတတွေဟာ ဂျပန်စစ်တပ်ရဲ့ လိုအပ်မှုကို မဖြည့်ဆည်း နိုင်တော့ကြောင်း၊ အရှေ့တောင် အာရှမှာ ပေါ်ကြွယ်တဲ့ ရေနံ၊ သဘာဝ ဓါတ်ငွေ့၊ ရော်ဘာနဲ့ ဝါဂွမ်းစတဲ့ မဟာဗျူဟာမြောက် သယံဇာတတွေ ရှိတဲ့ အတွက် ဂျပန် အတွက် အင်မတန် အရေးကြီးကြောင်း ပြောကြားတယ်။

တရုတ်စစ်ရေး သိပ္ပံပညာ အကယ်ဒမီ ကမ္ဘာ့စစ်ရေး သုတေသနဌာန သုတေသီ ဟိုရှင်းချင်က ဂျပန်က ပစိဖိတ် စစ်ပွဲကို လှုံ့ဆော်ခဲ့တဲ့ ရည်ရွယ်ချက် ကတော့ တရုတ်၊ မြောက် ကိုးရီးယား၊ အရှေ့တောင်အာရှ နိုင်ငံများ၊ သြစတြေးလျ၊ နယူးဇီလန်နဲ့ အိန္ဒိယတို့ ပါဝင်တဲ့ အသိုက်အဝန်းကို ပိုင်ဆိုင်ချင်တာကြောင့် ဖြစ်ကြောင်း၊ ဂျပန်က အရင်က အာရှဒေသမှာ အနောက်နိုင်ငံများရဲ့ ကိုလိုနီအားလုံးကို သိမ်းပိုက်ပြီး ဂျပန်ကို ဗဟိုပြုတဲ့ စနစ်သစ်ကို တည်ဆောက်ဖို့ ဖြစ်ကြောင်း ပြောကြားတယ်။

   Webradio