• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

သမိုင်းကို အရှေ့တောင်အာရှ မမေ့

(GMT+08:00) 2015-08-25 17:16:13

ဒီနှစ် စက်တင်ဘာ ၂ရက်နေ့ဟာ ဂျပန် လက်နက်ချကြောင်း တရားဝင် လက်မှတ်ရေးထိုးခဲ့တဲ့ နှစ်၇၀ပြည့်မြောက်နေ့ ဖြစ်သလို ဂျပန် ကျူးကျော်မှုကို တရုတ်ပြည်သူများ ခုခံရေးစစ်နဲ့ ကမ္ဘာ့ ဖက်ဆစ်ဆန့်ကျင်ရေးစစ် အောင်ပွဲခံခဲ့တဲ့ နှစ်၇၀ ပြည့်မြောက်နေ့လည်း ဖြစ်တယ်။ တရုတ်နဲ့ အခြားနိုင်ငံများဟာ အထိမ်းအမှတ်ပြုရာမှာ လူ့ အဖွဲ့အစည်း အပေါ် စစ်ပွဲက ဆောင်ကြဉ်းလာခဲ့တဲ့ ဘေးဒုက္ခနဲ့ ရင်နင့်စရာကောင်း တဲ့ သင်ခန်းစာတွေကို ပြန်လည်သုံးသပ်ပြီး အတိတ်သမိုင်းကို ထာဝစဉ်မှတ်သားထားကာ ငြိမ်းချမ်းရေးကို ပိုပြီး ချစ်မြတ်နိုးကြတယ်။ "သမိုင်းကို အရှေ့တောင်အာရှ မေ့သွားမည် မဟုတ်"လို့ ခေါင်းစဉ်ပေးထားတဲ့ ဆောင်းပါးမှာ ပါတဲ့ ကမ္ဘာ့ဖက်ဆစ် ဆန့်ကျင်ရေးစစ်မှာ တရုတ် စစ်မြေပြင်နဲ့ အရှေ့တောင်အာရှ စစ်မြေပြင်ရဲ့ အကြောင်းကို အစီရင်ခံပါ့မယ်။

၁၉၃၁ခုနှစ် စက်တင်ဘာ ၁၈ရက်နေ့က ဂျပန်ဟာ တရုတ်ပြည် အရှေ့မြောက်ပိုင်း ဒေသမှာ ကျူးကျော်မှုစစ်ကို လှုံ့ဆော်ခဲ့တယ်။ တရုတ်ပြည်သူများဟာ ကျူးကျော်မှုကို ခုခံပြီး ကမ္ဘာ့ဖက်ဆစ် ဆန့်ကျင်ရေးစစ်ကို စတင်ခဲ့တယ်။ ၁၉၃၇ခုနှစ် ဇူလိုင်လ ၇ရက်နေ့က ဂျပန်ဟာ ပေဖိန်မှာ ဇူလိုင်လ ၇ရက်နေ့ အရေးအခင်းကို ဖန်တီးပေးပြီး တရုတ်ပြည် အပေါ် ကျူးကျော်မှုစစ်ကို ဘက်စုံလှုံ့ဆော်ခဲ့တဲ့အတွက် တရုတ်ပြည်သူတစ်ရပ်လုံးဟာ ခုခံရေးစစ် ကို စတင်ခဲ့ကြတယ်။

တရုတ် ယနေ့ခေတ် နိုင်ငံတကာ ဆက်ဆံရေး သုတေသန အကယ်ဒမီ တောင်အာရှနဲ့ အရှေ့တောင်အာရှရေးရာဌာန ဒုဌာနမှူး ကျန်းရွှေကန်က တရုတ်စစ်မြေပြင်၊ အရှေ့တောင်အာရှ စစ်မြေပြင်နဲ့ ပစိဖိတ် စစ်မြေပြင်တို့ဟာ ခွဲခြားလို့ မရကြောင်း၊ တရုတ်ပြည်သူများရဲ့ မလျှော့တဲ့ဇွဲနဲ့ ခုခံခြင်းနဲ့ တရုတ်စစ်မြေပြင်မှာ အောင်ပွဲခံခြင်းတို့ဟာ အရှေ့တောင်အာရှ စစ်မြေပြင်မှာ အောင်ပွဲခံခြင်းနဲ့ ပစိဖိတ်စစ်မြေ ပြင် တစ်ခုလုံးမှာ အောင်ပွဲခံခြင်း အတွက် ကြီးမားစွာ အထောက်အပံ့ပေးခဲ့တာကို တွေ့ရကြောင်း၊ အားလုံးသိကြတဲ့အတိုင်း တရုတ်ပြည်ရဲ့ ခုခံရေးစစ်ရဲ့ အတိုင်းအတာရော၊ ပြင်းထန်မှုပါ သမိုင်းမှာ မကြုံစဖူး ကြီးမားလှကြောင်း၊ တရုတ်ပြည်ရဲ့ တပ်မှူးတပ်သားနဲ့ အရပ်သူ အရပ်သား သေကြေအနာတရဖြစ်မှုဟာ ကျူးကျော်မှု ခံခဲ့ရတဲ့ နိုင်ငံများထဲမှာ အများဆုံး ဖြစ်ကြောင်း၊ ဒါကြောင့်မို့လို့ တရုတ်ရဲ့ ခုခံရေးစစ်ဟာ ကမ္ဘာ့ ဖက်ဆစ်ဆန့်ကျင်ရေးစစ်ရဲ့ ကျောရိုးမဏ္ဍိုင် ဖြစ်ကြောင်း၊ တရုတ် စစ်မြေပြင်ဟာ ဂျပန်စစ်တပ်ရဲ့ အဓိက စစ်အင်အားကို ချုပ်ကိုင်ထား ခဲ့ကြောင်း၊ တရုတ်စစ်မြေပြင်ရဲ့ အောင်ပွဲခံခြင်းဟာ အရှေ့တောင်အာရှစစ်မြေပြင်နဲ့ ပစိဖိတ် စစ်မြေပြင်မှာ ဘက်စုံ အောင်ပွဲခံခြင်းကို အရှိန်မြှင့်စေခဲ့ကြောင်း ပြောကြားတယ်။

တရုတ်စစ်ရေး သိပ္ပံပညာ အကယ်ဒမီ ကမ္ဘာစစ်ရေး သုတေသနဌာန သုတေသီ ဟိုရှင်းချင်က အရှေ့တောင်အာရှဒေသမှာ ဂျပန်ကျူးကျော်မှု ခုခံရေးစစ်ဟာ ကမ္ဘာ့ဖက်ဆစ် ဆန့်ကျင်ရေးစစ်ရဲ့ အဓိက အစိတ်အပိုင်း ဖြစ်ကြောင်း၊ အရှေ့တောင်အာရှရှိ ဂျပန် ဖက်ဆစ် ထိန်းချုပ်ထားတဲ့ ဒေသများက ပြည်သူများဟာ ဂျပန်ရဲ့ ကျူးကျော်မှုကို ထကြွခုခံ ခဲ့ကြတယ်။ သူတို့ဟာ နိုင်ငံရေး၊ စီးပွားရေး၊ အတွေးအခေါ်နဲ့ ယဉ်ကျေးမှု နယ်ပယ် အသီးသီးမှာ ခုခံမှု ပြုလုပ်ခဲ့တယ်။ အဆင့်အမြင့်ဆုံး ခုခံမှုဟာ လက်နက်ကိုင် ခုခံ တိုက်ခိုက်မှု ဖြစ်ကြောင်း၊ မြန်မာ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှား စတဲ့ အရှေ့တောင် အာရှ နိုင်ငံတွေမှာ ပြောက်ကျားတပ်များ ဖြစ်ပေါ်လာခဲ့ကြောင်း ပြောကြားတယ်။

ကမ္ဘာ ဖက်ဆစ်ဆန့်ကျင်ရေးစစ် အတွက် တရုတ်ပြည်ရဲ့ ကြီးမားတဲ့ အကျိုးပြု စွမ်းဆောင်မှုနဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတဟောင်း ရူစဗဲက ဒုတိယကမ္ဘာစစ်မှာ တရုတ်က ပါဝင်ဆင်နွှဲခြင်း မရှိရင်၊ ဒါမှမဟုတ် တရုတ်ဟာ အပြုတ်တိုက် ခံရရင် ဂျပန် စစ်အင်အား အချို့ဟာ အခြားစစ်မြေပြင်များသို့ ရွှေ့ပြောင်းလာနိုင်ကြောင်း၊ ဥပမာပြော ရရင် သြစတြေးလျကို တိုက်ခိုက်ပြီး သိမ်းပိုင်နိုင်သလို အိန္ဒိယကို သိမ်းပိုက်နိုင်ကာ အရှေ့အလယ်ပိုင်းဒေသ အထိတောင် တိုက်ခိုက်သိမ်းပိုက်နိုင်ကြောင်း ပြောကြားတယ်။

   Webradio