• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်သူများရဲ့ ဂျပန် ကျူးကျော်မှု ခုခံရေးစစ်ပွဲနဲ့ ကမ္ဘာ့ ဖက်ဆစ် ဆန့်ကျင်ရေး စစ်ပွဲ အောင်ပွဲခံ နှစ် ၇၀ ပြည့် စစ်တမ်းကောက်ယူမှု မေးခွန်းများ

(GMT+08:00) 2015-08-20 15:41:39

၂၀၁၅ ခုနှစ်ဟာ တရုတ်ပြည်သူများရဲ့ ဂျပန် ကျူးကျော်မှု ခုခံရေးစစ်ပွဲနဲ့ ကမ္ဘာ့ ဖက်ဆစ် ဆန့်ကျင်ရေး စစ်ပွဲ အောင်ပွဲခံ နှစ် ၇၀ ပြည့် ဖြစ်တဲ့အတွက် အခု စီအာအိုင် အသံလွှင့်ဌာနဟာ အင်တာနက်မှာ စစ်တမ်းကောက် မေးခွန်းတွေ တင်လိုက်ပါတယ်။ ပုံစံ ဖြည့်ပေးဖို့ မေတ္တာ ရပ်ခံအပ်ပါတယ်။

မေးခွန်း (မေးခွန်း၁နဲ့၂မှ လွဲလို့ တခြားမေးခွန်းတွေမှာ အဖြေ တစ်ခုထက် ပိုပြီး ရွေးနိုင်ပါတယ်)

၁။ သင့်ရဲ့ အသက်အရွယ် ၃၅ နှစ်အောက် ၃၅ - ၅၀ ၅၀ ကျော်

၂။ ပညာအရည်အချင်း အထက်တန်းကျောင်းနဲ့ အထက်တန်းအောက် တက္ကသိုလ်ဘွဲ့ရ တက္ကသိုလ်ဘွဲ့လွန် ဒေါက်တာဘွဲ့ရ

၃။ အောက်ပါ နိုင်ငံများထဲမှာ ဘယ်နိုင်ငံတွေက ကမ္ဘာ့ ဖက်ဆစ် ဆန့်ကျင်ရေးစစ်ပွဲ အောင်ပွဲခံ နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနား ပြုမလဲ။

  ပြင်သစ်

  အမေရိကန်

  ဗြိတိန်

  ရုရှား

  တခြား

  မသိ

၎။ ကမ္ဘာ့ဖက်ဆစ် ဆန့်ကျင်ရေးစစ်ပွဲ အောင်ပွဲခံ အထိမ်းအမှတ်များ ပြုလုပ်တာ ဘယ်လို အဓိပ္ပါယ် ရှိမယ်လို့ သင့် မြင်ပါသလဲ။

  သမိုင်းကြောင်းကို မှတ်သားပြီး နောင်လာနောက်သားများကို လက်ဆင့်ကမ်းနိုင်

  စစ်ဝါဒ ပြန်ဦးမော့လာခြင်းကို ကာကွယ်နိုင်

  ဒုတိယကမ္ဘာစစ်ကြီးရဲ့ အောက်မြင်မှုကို ထိန်းသိမ်းကာကွယ်နိုင်

  ကမ္ဘာ့ ဖက်ဆစ် ဆန့်ကျင်ရေးစစ်ပွဲ အောင်မြင်ခြင်းကို အထိမ်းအမှတ် ပြုနိုင်

  တခြား

  မသိ

၅။ Potsdam ကြေညာချက် အကြောင်းကို သင် သိရှိပါသလား

  ၁၉၄၅ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့က တရုတ်၊ အမေရိကန်နဲ့ ဗြိတိန်တို့ဟာ ဂျာမဏီနိုင်ငံ ဘာလင်မြို့ အနောက်တောင်ပိုင်းရှိ Potsdam မှာ ဂျပန်ကို လက်နက်ချ အညံ့ခံဖို့ တိုက်တွန်းတဲ့ Potsdam ကြေညာချက်ကို ထုတ်ပြန်ခဲ့တယ်။

  ဂျပန်ရဲ့ ကျူးကျော်ရေးစစ်ပွဲ လှုံ့ဆော် ပြုလုပ်ခြင်းဆိုင်ရာ အရေးကြီး သက်သေ အထောက်အထား ဖြစ်တယ်။

  ဒုတိယ ကမ္ဘာစစ်ကြီးမှာ လူသားတွေဟာ ကြောက်မယ်ဖွယ် နာကြည်းမှုဒဏ်ကို ခံခဲ့ရတဲ့ အထိမ်းအမှတ် ဖြစ်တဲ့အပြင် တရားမျှတမှုက မကောင်းမှုကို အနိုင် ရရှိခဲ့တဲ့ မှတ်တိုင် တစ်ရပ် ဖြစ်တယ်။

  တခြား

  မသိ

၆။ စစ်ပြီးကာလမှာ ဂျပန်နဲ့ ဂျာမဏီတို့ရဲ့ စစ်ပွဲအပေါ် သဘောထား ဘယ်လို ရှိပါသလဲ။

  ဂျပန်က ယာဆူကူနီ နတ်ကွန်းကို သွားရောက် ပူဇော်ပြီး စစ်ရာဇဝတ်ကောင်များအတွက် အပြစ် ကင်းအောင် လုပ်ဆောင်ခဲ့တယ်။

  ဂျပန်ဟာ စစ်ပွဲရဲ့ ကျူးကျော်ရေးသဘောထားကို ဝန်ခံဖို့ ငြင်းပယ်တယ်။

  ၁၉၇၀ ပြည့်နှစ်က ဂျာမဏီ ဝန်ကြီးချုပ် ဘရမ်ဒ်ဟာ ပိုလန်နိုင်ငံ ဝါဆောမြို့ ဂျူးလူမျိုး သင်္ချိုင်း ရှေ့မှာ ဒူးထောက်ပြီး သံဝေဂရခဲ့တယ်။

  ဂျာမဏီ အဆက်ဆက်သော ခေါင်းဆောင်တို့ အားလုံး ဟစ်တလာက ကျူးကျော် စစ်ပွဲကို လှုံ့ဆော် ပြုလုပ်ခဲ့တယ်လို့ ဝန်ခံပြီး ကျူးကျော်မှုခံ နိုင်ငံများမှ ပြည်သူများအား တောင်းပန်ခဲ့ကြတယ်။

  တခြား

  မသိ

၇။ ကမ္ဘာ့ ဖက်ဆစ် ဆန့်ကျင်ရေးစစ်ပွဲမှာ တရုတ်ရဲ့ အဆင့်နေရာနဲ့ အခန်းကဏ္ဍက ဘာလဲ။

  တရုတ်နိုင်ငံဟာ ဂျပန် စစ်ဝါဒီများကို အနိုင် ရရှိဖို့ အရေးကြီးတဲ့ စွမ်းဆောင်မှု ပြုသူ ဖြစ်တယ်။

  တရုတ် စစ်မြေပြင်ဟာ အာရှ အဓိက စစ်မြေပြင် ဖြစ်ပြီး ဥရောပ စစ်မြေပြင်နဲ့ ပစိဖိတ်ဒေသ စစ်မြေပြင်ကို အားကောင်းအောင် ထောက်ပံ့ခဲ့တယ်။ ကမ္ဘာ့ ဖက်ဆစ် ဆန့်ကျင်ရေးစစ်ပွဲ အောင်မြင်ခဲ့ခြင်းအတွက် သော့ချက်ကျတဲ့ အခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက်ခဲ့တယ်။

  စစ်ပြီးကာလ နိုင်ငံတကာ စနစ်အတွက် အရေးကြီး အကျိုးပြု စွမ်းဆောင်ခဲ့တယ်။

  တခြား

  မသိ

ဂ။ သင့်အမြင်အရ တရုတ်ပြည်ရဲ့ ဂျပန် ကျူးကျော်မှု ခုခံရေးစစ်ပွဲ အောင်မြင်ခဲ့တဲ့ သော့ချက်ကျ အကြောင်းက ဘာလဲ။

  တရုတ်ပြည်သူများ သွေးစည်းညီညွတ်ပြီး ကျူးကျော်မှုကို တညီတညွတ်တည်း ခုခံခဲ့ခြင်း

  အမေရိကန်က ဂျပန်မှာ အနုမြူဗုံး ကြဲချခဲ့ခြင်း။

  ဆိုဗီယက်ပြည်ထောင်စု တပ်နီက တရုတ်ပြည် အရှေ့မြောက်ဒေသသို့ တပ်ဖွဲ့ စေလွှတ်ခဲ့ခြင်း

  တရုတ် အထွေထွေ နိုင်ငံတော်အင်အား တိုးလာခြင်း

  တခြား

   မသိ

၉။ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးဟာ နိုင်ငံတကာမိသားစုကြီးရဲ့ တူညီတဲ့ ဆန္ဒ ဖြစ်တယ်။ အနာဂတ်မှာ စစ်ပွဲကို ဘယ်လို ရှောင်ရှားနိုင်မယ်လို့ သင့် မြင်ပါသလဲ။

  နိုင်ငံအသီးသီးတို့ စီးပွါးရေး ထူထောင်မှု အပေါ် အလေးထားခြင်း

  အိမ်နီးချင်းနိုင်ငံများနဲ့ ချစ်ကြည်မှုကို တိုးမြှင့်ခြင်း

  နိုင်ငံတော်ကာကွယ်ရေးအင်အားကို အားဖြည့်ပြီး သတင်းအချက်အလက် နည်းပညာ အရည်အသွေးကို တိုးမြှင့်ခြင်း

  ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍကို ပေါ်လွင်လာစေပြီး ငြိမ်းချမ်းရေးကို ပန်ကြားခြင်း

  တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေး နိုင်ငံတကာ ဖွဲ့စည်းပုံအသစ်ကို အမြန်ဆုံး တည်ထောင်ခြင်း

  တခြား

၁၀။ စီအာအိုင်ရဲ့ ဘယ်လို ပလက်ဖေါင်းမျိုးကနေတစ်ဆင့် တရုတ်ပြည်ရဲ့ ဂျပန် ကျူးကျော်မှု ခုခံရေးစစ်ပွဲနဲ့ ကမ္ဘာ့ ဖက်ဆစ် ဆန့်ကျင်ရေးစစ်ပွဲ အောင်ပွဲခံ နှစ် ၇၀ ပြည့် အကြောင်းကို နားလည် သိရှိချင်သလဲ။

  အသံလွှင့်

  အင်တာနက် ဝက်ဆိုက်

  ဗီဒီယို အစီအစဉ်

  လူမှု ကွန်ရက်

  မိုဘိုင်းဖုန်း APP

  သတင်းစာနဲ့ မဂ္ဂဇင်း

  တခြား

 

ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲဆိုင်ရာ ဝေဖန်သုံးသပ်ချက်များ

၁။ တရုတ်နိုင်ငံမှာ ဂျပန် ကျူးကျော်မှု ခုခံရေးစစ်ပွဲနဲ့ ကမ္ဘာ့ ဖက်ဆစ် ဆန့်ကျင်ရေး စစ်ပွဲ အောင်မြင်ခဲ့ခြင်း အထိမ်းအမှတ်များ ပြုလုပ်ခြင်းဟာ ဘယ်လို အဓိပ္ပါယ်မျိုး ရှိပါသလဲ။

၂။ ဒုတိယကမ္ဘာစစ်ကြီး အပြီ နှစ် ၇၀ အတွင်း တရုတ်ပြည်ရဲ့ ဖွံ့ဖြိုးမှုဟာ အဆွေတော်ရဲ့ နိုင်ငံအတွက် ဘယ်လို သက်ရောက်မှုတွေ ရှိပါသလဲ။ သင် ကိုယ်တိုင် ထိတွေ့ ခံစားမှု ရှိပါသလား။

၃။ တရုတ်နဲ့ ဂျပန်နိုင်ငံတို့ဟာ အာရှ အပါအဝင် ကမ္ဘာ့ဖွံ့ဖြိုးရေး အခြေအနေသစ် အတွက် ဘယ်လို ကြိုးပမ်းသင့်သလဲ

 

တခြား အလေးထားစရာနဲ့ တိုက်တွန်းချက်တွေ ရှိပါသလား။

   Webradio