• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲမှာ တရုတ်ပြည်သူ့ဂျပန်ခုခံရေးစစ်ပွဲပါဝင်တဲ့အခန်းကဏ္ဍ

(GMT+08:00) 2015-08-06 16:55:59

   

  ဒီနှစ်ဟာ တရုတ်ပြည်သူ့ဂျပန်ခုခံရေးစစ်ပွဲနဲ့ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင် ပွဲရရှိခဲ့တဲ့နှစ်၇၀ပြည့်ဖြစ်တယ်။စစ်ပွဲဖြစ်ခဲ့တဲ့အချိန်မှာ တရုတ်နိုင်ငံဟာ ကမ္ဘာ့ဖက်ဆစ်ဆန့် ကျင်တဲ့နိုင်ငံကြီး၎နိုင်ငံထဲကတစ်နိုင်ငံဖြစ်ပြီး တရုတ်စစ်မြေပြင်ဟာ အာရှဒေသရဲ့အဓိက စစ်မြေပြင်ဖြစ်သလို ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်တဲ့အဓိကစစ်မြေပြင်တစ်ခုလည်းဖြစ်တယ်။ ဒါပေမယ့် စစ်အေးဂယက်ကြောင့် စစ်ပြီး နှစ်၇၀အတွင်း တရုတ်နိုင်ငံရဲ့ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲထဲမှာ ပါဝင်တဲ့အရေးကြီးအခန်းကဏ္ဍနဲ့အနေအထားဟာ အနောက်တိုင်းရဲ့ လစ်လျူရှုမှုကိုခံရသလို ရသင့်ရထိုက်တဲ့လေးစားမှု ကိုလည်း မရရှိခဲ့ကြောင်း၊ ဒါဟာ တရားမျှတမှုမရှိဘူးလို့ပြောလိုကြောင်း Guang Ming Daily သတင်းစာမှာ ရေးသားဖေါ်ပြထားပါတယ်။

     ပထမဦးဆုံးပြောလိုတာက တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အစောဆုံး ဖက်ဆစ်ကျူးကျော်မှုကို ဆန့်ကျင်တဲ့နိုင်ငံဖြစ်ပြီး ကမ္ဘာ့ပထမဆုံးဖက်ဆစ်ဆန့်ကျင်ရေး စစ်မြေပြင်ကို ဖွင့်လှစ်ခဲ့ တယ်။

ဒုတိယတစ်ချက်က တရုတ်စစ်မြေပြင်ဟာ ဂျပန်ကြည်းတပ်ကို တိုက်ခိုက်တဲ့အဓိက အင်အားဖြစ်ခဲ့တယ်။ ၁၉၃၇ခုနှစ်ဇူလိုင်လ၇ရက်အရေးအခင်းဖြစ်ပွားတဲ့အချိန်မှာ ဂျပန် စစ်ဦးစီးချုပ်က တရုတ်အရေးကို ဖြေရှင်းဖို့ တစ်လဆိုလုံလောက်ပြီလို့ကြွားခဲ့ပါ တယ်။ဒါပေမယ့် တရုတ်က ကြံ့ခိုင်သန်မာစွာခုခံတဲ့အတွက် ဂျပန်ဟာ သူတို့တပ်သားတွေ ကို အကြိမ်ကြိမ် စေလွှတ်ခဲ့ရတယ်။ ၁၉၃၈ခုနှစ် ဝူဟန့်စစ်ပွဲဖြစ်ပွားတဲ့အချိန်မှာ ဂျပန် ကြည်းတပ် တပ်မအဖွဲ့၃၄ဖွဲ့ထဲက ၃၂ဖွဲ့ဖြစ်တဲ့ စုစုပေါင်း စစ်အင်အားရဲ့၉၄ရာခိုင်နှုန်းနဲ့ ရေတပ်စစ်အင်အားတစ်ချို့ကို တ ရုတ်စစ်မြေပြင်သို့ စေလွှတ်ခဲ့ရပါတယ်။

၁၉၄၃ခုနှစ်မှ၁၉၄၅ခုနှစ်အထိ တရုတ်တပ်မတော်ဟာ မဟာမိတ်နိုင်ငံများရဲ့သဘော တူညီချက်အရ မြန်မာနိုင်ငံကို သွားရောက်စစ်ဆင်ခဲ့ရာ ထိခိုက်ကျဆုံးမှုများခဲ့ပြီး မြန်မာနိုင်ငံမြောက်ပိုင်းကို လွတ်မြောက်စေကာ ယူနန်နယ်စပ်ဒေသကိုလည်း ပြန်လည်သိမ်းယူနိုင်ခဲ့ကြောင်း၊  လီဒိုလမ်းမကြီးကို ဖေါက်လုပ်ပြီး တရုတ်နိုင်ငံရဲ့ ပြည်ပဆက်သွယ်ရေးလမ်းကြောင်းကို ပြန်လည်ဖွင့်လှစ်ကာ မဟာမိတ်တပ်ဖွဲ့က မြန်မာမှာ ထိုးစစ်ဆင်ဖို့အ တွက်လည်း အခြေအနေဖန်တီးပေးခဲ့ကြောင်းသိရပါတယ်။

တတိယတစ်ချက်က တရုတ်ပြည်သူ့ဂျပန်ခုခံရေးစစ်ပွဲဟာ ဂျပန်ရဲ့ကမ္ဘာ့မဟာဗျူဟာ ကို အားဖြည့်ဟန့်တားပြီး ဆိုဗီယက်၊ အမေရိကန်၊ ဗြိတိန်စတဲ့မဟာမိတ်နိုင်ငံတွေကို ထိရောက် စွာ ကူညီထောက်ပံ့ခဲ့ပါတယ်။

စတုတ္တတစ်ချက်က တရုတ်နိုင်ငံဟာ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးမဟာမိတ်အဖွဲ့ တည်ထောင်ဖို့အတွက် အထူးတွန်းအားပေးခဲ့ပြီး စစ်ပြီး နိုင်ငံတကာစနစ်ပြန် လည်တည်ထောင်ရေးမှာလည်း တက်ကြွစွာပါဝင်ခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်ကြီးအတွင်း တရုတ်နဲ့ကမ္ဘာ့နိုင်ငံအသီးသီးက သန်းနဲ့ချီတဲ့ပြည်သူများ ကျဆုံးမှုဖြင့် အောင်ပွဲရရှိတာဖြစ်ပါတယ်။ ဒါကြောင့် ဒုတိယကမ္ဘာစစ်ကြီးရဲ့အောင်မြင်မှုကို ကာကွယ်ပြီး လက်ရှိကမ္ဘာ့ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးနဲ့ပူးပေါင်းဆောင်ရွက်ရေးကိုထိန်း သိမ်းကာကွယ်တာဟာ တရုတ်နဲ့ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ တူညီတဲ့တာဝန်ဝတ္တရားဖြစ်တယ် လို့ Guang Ming Daily သတင်းစာမှာ ရေးသားဖေါ်ပြထားပါတယ်။

   Webradio