• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဂျပန်ကျူးကျော်မှုခုခံရေးစစ်ပွဲဖြစ်ပွါးခဲ့သည့် ၇ဂ နှစ်ပြည့်ကို တရုတ်အထိမ်းအမှတ်ပြု

(GMT+08:00) 2015-07-08 16:07:43


    တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ၇ ရက်နေ့က ပီကင်းမြို့ လူကိုးချောင်၌ ဂျပန်ကျူးကျော်မှု ခုခံရေး စစ်ပွဲဆိုင်ရာ ပြပွဲကို ကြည့်ရှုခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။
    လွန်ခဲ့သည့် ၇၈ နှစ်တုန်းက ဂျပန် ကျူးကျော်ရေးတပ်ဖွဲ့များသည် ပီကင်းမြို့ လူကိုးချောင်၌ ကျူးကျော်ရေးစစ်ပွဲကို စတင် ဆင်နွှဲခဲ့ခြင်း ဖြစ်သည်ဟု သိရပါသည်။ယခုရက်များအတွင်း တရုတ် ပြည်မကြီး၊ ဟောင်ကောင်နှင့်ထိုင်ဝမ် စသည့်ဒေသများတွင်လည်း အထိမ်းအမှတ် အခမ်းအနားများကို ပြုလုပ်ခဲ့ကြသည်။
   Webradio