• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဂျပန်ကျူးကျော်မှုခုခံရေးစစ်အောင်ခဲ့သည့်၇၀နှစ်မြောကအထိမ်းအမှတ်ပွဲများကျင်းပ

(GMT+08:00) 2015-07-08 15:45:49

တရုတ်အမျိုးသားတစ်ရပ်လုံး၏ ဂျပန်ကျူးကျော်မှုခုခံရေးစစ်ဖြစ်ပွါးခဲ့သည့် ၇၈နှစ်မြောက်အခါသမယတွင် တရုတ်ပြည်မှ မြို့များ၌ အထိမ်းအမှတ်လှုပ်ရှားမှုများကို ကျင်းပခဲ့ကြောင်းဆင်ဟွာသတင်းအရသိရပါသည်။

ယမန်နေ့၇ရက်နေ့က ပီကင်းမြို့ရှိ တရုတ်နိုင်ငံတော်ပြတိုက်၌ စစ်ပွဲနှင့်ယဉ်ကျေးမှု- ဂျပန်ကျူးကျော်မှုခုခံရေးစစ်ပွဲအောင်မြင်ခဲ့သည့် ၇၀ပြည့်နှစ်ရှေ့ဟောင်းပစ္စည်းများပြပွဲကို ကျင်းပခဲ့ရာ ရှေးဟောင်းပစ္စည်းအထည်၇၀၀ခန့်ကို ပထမအကြိမ် ပြသခဲ့ကြောင်း၊ ကျန်းစူးပြည်နယ်နန်ကင်းမြို့၌ ဓါတ်ပုံပြပွဲကို ဖွင့်လှစ်ပြီး ကျန်းစူးပြည်နယ်လူထုများ၏ ဂျပန်ကျူးကျော်မှုခုခံရေးသမိုင်းအကြောင်းကို ဖော်ပြခဲ့ကြောင်း၊ ထို့အပြင် ဟာလ်ပင်မြို့နှင့် ပေါ်တင့်မြို့၌ သက်ဆိုင်ရာ လှုပ်ရှားမှုများကို ပြုလုပ်ကြကြောင်း ဆင်ဟွာသတင်းအရသိရပါသည်။

   Webradio