• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မီဒီယာသည် ပြည်သူများအကြား ပေါင်းကူးဆက်သွယ်ပေးမည့် ကြားခံတစ်ခု အဖြစ် မှန်ကန်စွာရပ်တည်ပေးရန် လိုသည်ဟု ဦးဝင်းကြည် ပြောဆို

(GMT+08:00) 2015-03-27 16:11:40

ပိုအော်အာရှဖိုရမ်၂၀၁၅-ခုနှစ်နှစ်ပတ်လည်အစည်းအဝေး မီဒီယာခေါင်းဆောင်များ စားပွဲဝိုင်းအစည်းအဝေးသို့ တက်ရောက်နေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြန်ကြားရေးဝန်ကြီးဌာန ရုပ်ရှင်မြှင့်တင်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းကြည် က၊ မီဒီယာသည် ပြည်သူများအကြား ပေါင်းကူးဆက်သွယ်ပေးမည့် ကြားခံ တစ်ခုအဖြစ် မှန်ကန်စွာရပ်တည်ပေးရန်လိုကြောင်း၊ ပိုးလမ်းမကြီးတစ်လျှောက်တွင် နေထိုင်သော ပြည်သူများက ပိုးလမ်းမကြီးနှင့်ပတ်သက်ပြီး ပိုမိုသိရှိလာရေး၊ ပိုးလမ်းမကြီးစီမံကိန်းအောင်မြင်ရေးတို့အတွက် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုသည် အဓိက မောင်းနှင်အားတစ်ခုဖြစ်ကြောင်း၊ ပြည်သူများပါဝင်လာရေးအတွက် အသိအမြင်မြှင့်တင် ပေးရေးလုပ်ငန်းကို မီဒီယာများအနေဖြင့် တစ်ခုချင်းဆောင်ရွက်မည့်အစား ပူးပေါင်း ဆောင်ရွက်မှ ပိုမိုထိရောက်ကာ စီမံကိန်းသည် အောင်မြင်မည်ဖြစ်ကြောင်း၊ မီဒီယာ အနေဖြင့် အဆင့်၂-ဆင့်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။ ပထမအဆင့်သည် ပိုးလမ်းမကြီးနှင့်ပတ်သက်ပြီး ပြည်သူများအကြား အသိအမြင်မြှင့်တင်ရေးဖြစ်ကြောင်း၊ ဒုတိယအဆင့်သည် ပြည်သူများအကြား ပိုမိုကူးလူးသွားလာဆက်သွယ်ပေါင်းကူးပေးနိုင် မည့်ပလက်ဖောင်းတစ်ခုကို ဆိုရှယ်မီဒီယာများကိုအသုံးပြုကာ ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ သို့မှသာလျှင် ပြည်သူများအတွက် အကျိုးရလဒ်ကောင်းများ သယ်ဆောင် လာမည့် ပိုးလမ်းမကြီးစီမံကိန်း အောင်မြင်မည်ဖြစ်ကြောင်း ယမန်နေ့၂၆-ရက်နေ့က တရုတ်ပြည် ဟိုင်နန်ပြည်နယ်တွင် ပြောကြားခဲ့ပါသည်။

   Webradio