• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၂-ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ တတိယအကြိမ်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကျင်းပ

(GMT+08:00) 2015-03-04 15:32:15

၁၂-ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ တတိယအကြိမ်အစည်းအဝေးကို ဒီလ၃-ရက်နေ့က ပီကင်းမြို့မှာ ဖွင့်လှစ်ခဲ့ ပါတယ်။ ရှီကျင့်ဖိန်၊ လီခေ့ချန်၊ ကျန်တယ်ကျန်း၊ ယွီဇိန့်စိန်စတဲ့ တရုတ်ခေါင်းဆောင်များ ဟာ အစည်းအဝေးဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။

၂၀၁၅-ခုနှစ်ဟာ တရုတ်ပြည်ရဲ့ပြုပြင်ပြောင်းလဲမှု ဘက်စုံဇောက်ချပြုလုပ်ရေးအတွက် သော့ချက်ကျတဲ့နှစ်ဖြစ်ပြီး ဥပဒေနဲ့အညီ နိုင်ငံတော်ကို ဘက်စုံစီမံအုပ်ချုပ်ရေး စတင် ပြုလုပ်တဲ့နှစ်ဖြစ်သလို ၁၂-ခုမြောက်၅-နှစ်စီမံကိန်းကျင့်သုံးတဲ့ နောက်ဆုံးနှစ်လည်းဖြစ်တာ ကြောင့် တရုတ်ပြည်သမိုင်းမှာ ၂၀၁၅-ခုနှစ်ဟာ ထူးခြားတဲ့နှစ်တစ်နှစ်ဖြစ်လာလိမ့်မယ်။ တရုတ်ပြည်ရဲ့စီးပွားရေးဟာ အခြေအနေသစ်ကို ရောက်ရှိလာပါတယ်။ ဒီနှစ်နှစ်ဆန်းမှာ တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန် ဟာ အသင့်အတင့်ချောင်လည်တဲ့လူ့အဖွဲ့အစည်းကို ဘက်စုံထူထောင်ရေး၊ ပြုပြင်ပြောင်းလဲမှုကို ဘက်စုံဇောက်ချပြုလုပ်ရေး၊ ဥပဒေနဲ့အညီ နိုင်ငံတော်ကို ဘက်စုံစီမံအုပ်ချုပ်ရေးနဲ့ ပါတီလုပ်နည်းလုပ်ဟန်ကို ဘက်စုံကြပ်မတ်ရေး တို့ကို ထပ်လောင်းတင်ပြခဲ့ပါတယ်။

တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ယွီဇိန့်စိန် ရဲ့ လုပ်ငန်းအစီရင်ခံစာမှာ အဲဒီထူးခြားတဲ့သမိုင်းဝင်အချိန်ကာလမှာ တရုတ် ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီရဲ့ အရေးကြီးတဲ့ တာဝန် တွေကို ရှင်းလင်းဖော်ပြခဲ့ပါတယ်။

လာမယ့်၁၀-ရက်အတွင်း ကော်မတီဝင်၂၀၀၀-ကျော်တို့ဟာ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ်၃၀၀၀-လောက်နဲ့အတူ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဆောင်ရွက်ချက်တွေလက်တွေ့ဖော်ဆောင်စေရေးနဲ့ စီးပွားရေးပုံမှန်တည်ငြိမ်စွာဆက်တိုက် ဖွံ့ဖြိုးတိုးတက်စေရေးဆိုင်ရာ အဆိုပြုချက်တွေကို တင်သွင်းကြပါမယ်။

တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ယွီဇိန့်စိန် ရဲ့ လုပ်ငန်းအစီရင်ခံစာမှာ၊ အမျိုးသားစီးပွားရေးနဲ့ လူမှုရေးဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ၁၃-ခုမြောက်၅-နှစ်စီမံကိန်းရေးဆွဲချမှတ်ရေးအတွက် အဆိုပြုချက် တင်သွင်းရေး ကို ဒီနှစ်မှာ အဓိကလုပ်ငန်းအဖြစ် ဆောက်ရွက်မှာဖြစ်ကြောင်း၊ အမြဲတမ်းကော်မတီအစည်း အဝေးစတဲ့နည်းလမ်းတွေနဲ့ အဆိုပြုချက်တွေကို တင်သွင်းမှာဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

ဒီနှစ် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ လုပ်ငန်း အစီရင်ခံစာမှာ လူအများ အာရုံစိုက်တဲ့ ပါတီလုပ်နည်းလုပ်ဟန် တည်ဆောက်ရေးနဲ့ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးတို့ကို အလေးထားဖော်ပြပြီး အခုအကြိမ် တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီအနေနဲ့ လင့်ကျိဟွာ့နဲ့ ဆူရွန် အပါအဝင် ကော်မတီဝင်၁၄-ဦးရဲ့အမည်တွေကို ဖျက်သိမ်းခဲ့ပြီးဖြစ်ကြောင်းလည်း ဖော်ပြခဲ့ပါတယ်။

ဒီနှစ်နှစ်ဆန်းမှာ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီဟာ ဆိုရှယ်လစ်အတိုင်ပင်ခံ ဒီမိုကရေစီစနစ်တည်ဆောက်မှုအားသစ်လောင်းပေးရေးဆိုင်ရာညွှန်ကြားချက်ကို ထုတ်ပြန် ခဲ့ပါတယ်။ ဒါဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့သမိုင်းမှာ အတိုင်ပင်ခံဒီမိုကရေစီစနစ်ဆိုင်ရာ ပထမဦးဆုံးမူဝါဒစာတမ်းဖြစ်ပါတယ်။

တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ယွီဇိန့်စိန် က၊ စည်းလုံးညီညွှတ်မှုနဲ့ဒီမိုကရေစီတို့ဟာ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီရဲ့ အဓိကလုပ်ငန်း၂-ရပ်ဖြစ်ကြကြောင်း၊ ဒီနှစ်မှာ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီဟာ ပြုပြင် ပြောင်းလဲရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အဓိကထားပြီး အဆိုပြုချက်တွေကို တင်သွင်းမှာဖြစ်ကြောင်း၊ဥပဒေနှင့်အညီနိုင်ငံတော်ကိုဘက်စုံစီမံအုပ်ချုပ်ရေးနဲ့ပတ်သက်ပြီး အဆိုပြုချက်တွေကို တင်သွင်းမှာဖြစ်ကြောင်း၊ စနစ်တည်ဆောက်ရေးကို တစ်ဆင့်တက် အားသစ်လောင်းပေးပြီး တာဝန်ထမ်းဆောင်နိုင်စွမ်းကို မြှင့်တင်ကာ အတိုင်ပင်ခံဒီမိုကရေစီ စနစ် အဓိကလမ်းကြောင်းနဲ့ အထူးအတိုင်ပင်ခံအဖွဲ့အစည်းအဖြစ် တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီရဲ့အခန်းကဏ္ဍကို ပိုမိုတောက်ပြောင် လာစေမှာဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးစနစ်နဲ့ စီမံအုပ်ချုပ်ရေးစွမ်းအားခေတ်မီ ရေးကို တွန်းအားပေးမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

 

 

   Webradio