• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၂-ကြိမ်မြောက်CPPCCတတိယအကြိမ်အစည်းအဝေး ပီကင်းမြို့တွင် ဖွင့်လှစ်

(GMT+08:00) 2015-03-04 14:50:10

၁၂-ကြိမ်မြောက် CPPCCခေါ် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံး ဆိုင်ရာကော်မတီ တတိယအကြိမ်အစည်းအဝေးကို ယမန်နေ့၃-ရက်နေ့မွန်းလွဲပိုင်းက ပီကင်းမြို့တွင်ဖွင့်လှစ်ခဲ့ပါသည်။ လာမည့်၁၀-ရက်အတွင်း ကော်မတီဝင်၂၁၀၀-ကျော်တို့ သည် အသင့်အတင့်ချောင်လည်သည့်လူ့အဖွဲ့အစည်းကို ဘက်စုံထူထောင်ရေး၊ ပြုပြင် ပြောင်းလဲမှုကို ဘက်စုံဇောက်ချပြုလုပ်ရေး၊ ဥပဒေနှင့်အညီ နိုင်ငံတော်ကို ဘက်စုံစီမံ အုပ်ချုပ်ရေးနှင့် ပါတီလုပ်နည်းလုပ်ဟန်ကို ဘက်စုံကြပ်မတ်ရေးတို့ကို အဓိကထားပြီး အဆိုပြုကြပါမည်။

      ရှီကျင့်ဖိန်၊ လီခေ့ချန်၊ ကျန်တယ်ကျန်းနှင့် ယွီဇိန့်စိန် အပါအဝင် တရုတ်ခေါင်းဆောင် များသည် အစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။ CPPCC ဥက္ကဋ္ဌ ယွီဇိန့်စိန် က လုပ်ငန်းအစီရင်ခံစာကို တင်ပြခဲ့ပါသည်။
   Webradio