• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဘက်စုံ လေးရပ်သည် တရုတ် ပြည်သူ့ကွန်ဂရက်ညီလာခံ၏ အဓိကအကြောင်းအရာ ဖြစ်မည်ဟု စင်ကာပူသတင်းစာ ခန့်မှန်း

(GMT+08:00) 2015-03-04 14:40:23

တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန် တင်ပြသော ဘက်စုံ လေးရပ်သည် ယခုနှစ် တရုတ် ပြည်သူ့ကွန်ဂရက်နှင့် ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့် ညီလာခံ၏ အဓိက အကြောင်းအရာ ဖြစ်မည်ဟု စင်ကာပူ နိုင်ငံ လျန်ဟိုကျော်ပို သတင်းစာတွင် ခန့်မှန်းထားကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ဘက်စုံ လေးရပ် ဟူသည်မှာ အသင့်အတင့် ချောင်လည်သော လူ့ဘောင်အဖွဲ့အစည်းကို ဘက်စုံ ထူထောင်ရေး၊ ပြုပြင်ပြောင်းလဲမှုကို ဘက်စုံ ဇောက်ချ ပြုလုပ်ရေး၊ ဥပဒေနှင့်အညီ နိုင်ငံတော်ကို ဘက်စုံ စီမံအုပ်ချုပ်ရေးနှင့် ပါတီ လုပ်နည်းလုပ်ဟန်ကို ဘက်စုံ ကြပ်မတ်ရေးတို့ ဖြစ်ကြောင်း သတင်းစာတွင် ရေးသားထားသည်။

   Webradio