• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၂-ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ တတိယအကြိမ် အစည်းအဝေးသတင်းစာရှင်းလင်းပွဲ ကျင်းပ

(GMT+08:00) 2015-03-02 18:32:32

      ၁၂-ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ တတိယအကြိမ် အစည်းအဝေးသတင်းစာရှင်းလင်းပွဲကို ယနေ့၂-ရက်နေ့တွင် ပီကင်းမြို့၌ ကျင်းပခဲ့ပါသည်။

၁၂-ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ တတိယအကြိမ်အစည်းအဝေး ပြောရေးဆိုခွင့်ရှိသူ လွီဆင်ဟွာ က၊ တရုတ်ပြည်အနေဖြင့် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရန် နိုင်ငံတကာမိသားစုကြီး၏ လက်တွဲကြိုးပမ်းဆောင်ရွက်ခြင်းကို တစ်လျှောက်လုံးထောက်ခံကြောင်း ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရ ပါသည်။

ဆက်လက်၍ ၄င်းက၊ အဂတိလိုက်စားမှုတိုက်ဖျက်ရာတွင် ဖော်ထုတ်နိုင်သော အမှုအခင်းတိုင်းကို အရေးယူရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။

ပြောရေးဆိုခွင့်ရှိသူ လွီဆင်ဟွာ က၊ တရုတ်အစိုးရအနေဖြင့် မွတ်ဆလင်တို့၏ ဘာသာရေးကိုးကွယ်မှုဆိုင်ရာလွတ်လပ်ခွင့်ကို အလေးထားပြီး အာမခံကြောင်း ပြောကြားခဲ့ သည်ဟု သတင်းရရှိပါသည်။

   Webradio