• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အစည်းအဝေး ၂-ခုရဲ့ အချက်အလက်နဲ့ ပတ်သက်တဲ့ မေးနဲ့ဖြေ-၂

(GMT+08:00) 2015-03-01 16:15:02

မေး၊ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီရဲ့ တာဝန်လုပ်ငန်းဟာ ဘာတွေရှိပါသလဲ။

ဖြေ၊ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဟာ တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်ရဲ့ အမြဲတမ်း လုပ်ငန်းဌာန ဖြစ်ပြီး တရုတ်ပြည်လုံး ဆိုင်ရာ ပြည်သူ့ကွန်ဂရက်အပေါ် တာဝန်ယူကာ လုပ်ငန်းအစီရင်ခံပါတယ်။ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်း ကော်မတီရဲ့ လုပ်ငန်းတာဝန်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ရှင်းပြရေး၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လက်တွေ့ဖေါ်ဆောင်မှုကို ကြီးကြပ်ရေး၊ ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် ချမှတ်သင့်မယ့် ဥပဒေတွေ ကလွဲပြီး အခြား ဥပဒေတွေကို ချမှတ်ရေးနဲ့ ပြင်ဆင်ရေး၊ ဥပဒေတွေကို ရှင်းပြရေး၊ နိုင်ငံတော် ကောင်စီ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဗဟိုစစ်ရေး ကော်မရှင်၊ တရုတ်ပြည်သူ့ တရားရုံးချုပ်နဲ့ တရုတ်ရှေ့နေရုံးချုပ်ရဲ့ လုပ်ငန်းတွေကို ကြီးကြပ်ရေး စတာတွေ ပါရှိပါတယ်။

 

မေး၊ တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်ရဲ့ အခန်းကဏ္ဍဟာ ဘာလဲ။

ဖြေ၊ တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်ဟာ တရုတ်ပြည်သူ့ မျိုးချစ် ညီညွတ်ရေး တပ်ပေါင်းစုရဲ့ အဖွဲ့အစည်း ဖြစ်ပြီး တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်တဲ့ ပါတီစုံ ပူးပေါင်းဆောင်ရွက်ရေးနဲ့ နိုင်ငံရေး အတိုင်ပင်ခံရေးဆိုင်ရာ အရေးကြီး လုပ်ငန်းဌာနဖြစ်ကာ တရုတ်နိုင်ငံရေးဘဝမှာ ဆိုရှယ်လစ် ဒီမိုကရေစီ ဖြစ်ထွန်းအောင် အရေးကြီး ဆောင်ရွက်ရေး နည်းလမ်းလည်း ဖြစ်ပါတယ်။

   Webradio