• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အစည်းအဝေး ၂-ခုရဲ့ အချက်အလက်နဲ့ ပတ်သက်တဲ့ မေးနဲ့ဖြေ-၁

(GMT+08:00) 2015-03-01 16:14:26

မေး၊ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်နဲ့ တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်ရဲ့ တာဝန်သက်တမ်းဟာ ဘယ်လောက်ကြာရှိသလဲ။ နှစ်ပတ်လည် အစည်းအဝေး ၂-ခုဟာ ဘယ်လောက်ကြာ ကျင်းပလေ့ရှိသလဲ။

ဖြေ၊ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်နဲ့ တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်အကြိမ်တိုင်းရဲ့ တာဝန်သက်တမ်းဟာ ၅-နှစ်ကြာရှိပါတယ်။ အဲဒီအစည်းအဝေး ၂-ခုဟာ နှစ်စဉ်တစ်ကြိမ် ကျင်းပလေ့ရှိပါတယ်။ နှစ်စဉ် ပထမ ၃-လပတ်မှာ ကျင်းပလေ့ရှိပါတယ်။

 

မေ၊ တရုတ်ပြည်သူ့ကွန်ဂရက်ဟာ တရုတ်ပြည်ရဲ့ နိုင်ငံတော် အာဏာပိုင်ဌာန တစ်ခုအဖြစ် ဘာ အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သလဲ။

ဖြေ၊ တရုတ်ပြည်သူ့ကွန်ဂရက်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ နိုင်ငံတော် အာဏာပိုင် ဌာနဖြစ်ပြီး ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်ဟာ အမြင့်ဆုံးနိုင်ငံတော် အာဏာပိုင်ဌာနဖြစ်သလို ဒေသန္တရ ပြည်သူ့ကွန်ဂရက် အဆင့်ဆင့်တို့ဟာ ဒေသန္တရ ဆိုင်ရာ နိုင်ငံတော် အာဏာပိုင် ဌာနဖြစ်ပါတယ်။ ပြည်သူ့ကွန်ဂရက်ဟာ ဒီမိုကရေစီ ရွေးချယ်မှုနဲ့ ဖွဲ့စည်းတည်ထောင်တာ ဖြစ်ပါတယ်။

 

မေ၊ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်ရဲ့ အခွင့်အာဏာဟာ ဘာတွေရှိပါသလဲ။

ဖြေ၊ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်ရဲ့ အခွင့်အာဏာမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ပိုင်ခွင့်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လက်တွေ့ဖေါ်ဆောင်မှုကို ကြီးကြပ်ပိုင်ခွင့်၊ ရာဇဝတ်မှု၊ တရားမမှု၊ နိုင်ငံတော်လုပ်ငန်းဌာနနဲ့ အခြား အခြေခံ ဥပဒေတွေကို ချမှတ်ရေးနဲ့ ပြင်ဆင်ပိုင်ခွင့်၊ ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် အမြဲတမ်း ကော်မတီ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးချုပ်နဲ့ ကော်မတီ အဖွဲ့ဝင်တွေကို ရွေးချယ်တင်မြှောက်ပိုင်ခွင့်၊ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌကို ရွေးချယ်တင်မြှောက်ပိုင်ခွင့်၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော် ဥက္ကဋ္ဌ တင်သွင်းတဲ့ နာမည် စာရင်းအရ နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် ခန့်ထားရန်လူကို ရွေးချယ်ပိုင်ခွင့် စတာတို့ ပါရှိပါတယ်။

   Webradio