• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာနိုင်ငံ၌ တရုတ်ပြည်ကို နားလည်ခံစားခြင်းလှုပ်ရှားမှု ကျင်းပမည်

(GMT+08:00) 2014-03-25 15:55:20

တရုတ်နိုင်ငံသည် မတ်လ၂၆ရက်နေ့မှ ဧပြီလ၆ရက်နေ့အထိ မြန်မာနိုင်ငံရန်ကုန်နှင့်နေပြည်

တော်မြို့များ၌ တရုတ်ပြည်ကိုနားလည်ခံစားခြင်းလှုပ်ရှားမှုကို ကျင်းပမည်ဖြစ်ကြောင်း၊ တရုတ်-မြန်မာနှစ်နိုင်ငံယဉ်ကျေးမှုဖလှယ်ရေးကို တစ်ဆင့်တိုးတိုးချဲ့ပြီး တရုတ်-မြန်မာနှစ်

နိုင်ငံပြည်သူများအကြားဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို တိုးမြှင့်ရန်ရည်ရွယ်ကြောင်း

စီအာအိုင်သတင်းအရသိရပါသည်။တရုတ်နိုင်ငံတော်ကောင်စီသတင်းပြန်ကြားရေးရုံးမှ

ဥက္ကဋ္ဌဆိုက်မြင်ကျောက်သည် မြန်မာနိုင်ငံတွင် ကျင်းပမည့် ယင်းလှုပ်ရှားမှုသို့ တက်

ရောက်ပြီး မိန့်ခွန်းပြောကြားမည်ဖြစ်ပါသည်။

   တရုတ်ပြည်ကိုနားလည်ခံစားခြင်းလှုပ်ရှားမှုတွင် ဖွင့်ပွဲအခမ်းအနား၊ တရုတ်-မြန်မာဆွေ

မျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးခြင်းခရီး အနုပညာပဒေသာကပွဲ၊ ရန်ကုန်တက္ကသိုလ်တွင်

တရုတ်ပြခန်း တည်ထောင်ခြင်း၊ တရုတ်-မြန်မာမီဒီယာဆွေးနွေးပွဲ၊ တရုတ်နိုင်ငံတော်

ကောင်စီသတင်းပြန်ကြားရေးရုံးရုပ်ရှင်၊ ရုပ်မြင်သံကြားဌာနနှင့် မြန်မာနိုင်ငံsky net ရုပ်မြင်

သံကြားဌာနတို့ ရုပ်ရှင်ကား၊ဇာတ်လမ်းတင်ပို့မှုစာချုပ်ချုပ်ဆိုခြင်း၊ မြန်မာဘာသာနောက်ခံ

စကားပြောတရုတ်ဇာတ်လမ်းတွဲ လင်နဲ့မယား လျှာနဲ့သွား ပြသခြင်းတို့ပါဝင်ထားပါသည်။

   ယခုအကြိမ် တရုတ်ပြည်ကို နားလည်ခံစားခြင်းလှုပ်ရှားမှုကို တရုတ်နိုင်ငံတော်ကောင်

စီသတင်းပြန်ကြားရေးရုံး၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး၊ မြန်မာနိုင်ငံပြန်ကြားရေးဝန်ကြီး

ဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးတွဲကြီးမှူးကျင်းပခြင်းဖြစ်သည်။

ယင်းသည် တရုတ်နိုင်ငံက မြန်မာနိုင်ငံ၌ ကျင်းပသော အရေးကြီးသောယဉ်ကျေးမှုဖလှယ်

ရေးလှုပ်ရှားမှုတစ်ခုလည်းဖြစ်ပါသည်။

   Webradio