• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၂-ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ဒုတိယအကြိမ်အစည်းအဝေး ရုပ်သိမ်း

(GMT+08:00) 2014-03-13 11:53:57

၁၂-ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ဒုတိယအကြိမ် အစည်း အဝေးကို ယနေ့၁၃-ရက်နေ့နံနက်ပိုင်းတွင် ပြည်သူ့ခန်းမဆောင်ကြီး၌ ရုပ်သိမ်းလိုက် ပါသည်။

အစည်းအဝေးရုပ်သိမ်းပွဲအခမ်းအနားကို အစည်းအဝေးသဘာပတိအဖွဲ့ အမြဲတမ်း သဘာပတိ၊ အမှုဆောင်ဥက္ကဋ္ဌ ကျန်တယ်ကျန်း က ကြီးမှူးကျင်းပပြီး ရှီကျင့်ဖိန်၊ လီခေ့ချန်၊ ယွီဇိန့်စိန်၊ လျိုယွင်ဆန်၊ ဝမ်ချီးဆန် နှင့် ကျန်ကိုလိ တို့သည် အစည်းအဝေးရုပ်သိမ်းပွဲ အခမ်းအနားသို့ တက်ရောက်ကြပါသည်။

၁၂-ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ဒုတိယအကြိမ် အစည်း အဝေးကိုကျင်းပစဉ် ကိုယ်စားလှယ်၃၀၀၀-ခန့်တို့သည် တာဝန်ကို ကျေပွန်စွာထမ်းဆောင် ပြီး အစိုးရလုပ်ငန်းအစီရင်ခံစာနှင့် အခြားအစီရင်ခံစာများကို စိစစ်အတည်ပြုခဲ့ကြပါသည်။ လွန်ခဲ့သည့်၁-နှစ်အတွင်း တရုတ်ပြည်မှ နယ်ပယ်အသီးသီးတွင် ရရှိခဲ့သောအောင်မြင်မှု များနှင့် အတွေ့အကြုံများကို ပေါင်းရုံးသုံးသပ်ပြီး ယခုနှစ်အတွက် အဓိကလုပ်ငန်းနှင့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းပြတ်သားစွာတင်ပြခဲ့ကြပါသည်။

ယနေ့အစည်းအဝေးတွင် အစိုးရလုပ်ငန်းအစီရင်ခံစာဆိုင်ရာ ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ပါသည်။

ယနေ့အစည်းအဝေးတွင် ၂၀၁၃-ခုနှစ်အမျိုးသားစီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်း ကျင့်သုံးဆောင်ရွက်မှုအခြေအနေနှင့် ၂၀၁၄-ခုနှစ်အမျိုးသားစီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဆိုင်ရာဆုံးဖြတ်ချက်ကိုမဲပေးအတည်ပြုပြီး သက်ဆိုင်ရာ အစီရင်ခံစာနှင့်စီမံကိန်းကို ခွင့်ပြုခဲ့ပါသည်။ ၂၀၁၃-ခုနှစ်ဗဟို၊ ဒေသန္တရဘတ်ဂျက်ငွေ သုံးစွဲမှုအခြေအနေနှင့် ၂၀၁၄-ခုနှစ်ဗဟို၊ ဒေသန္တရဘတ်ဂျက်ဆိုင်ရာဆုံးဖြတ်ချက်ကို မဲပေး အတည်ပြုပြီး သက်ဆိုင်ရာအစီရင်ခံစာနှင့် ၂၀၁၄-ခုနှစ်ဗဟိုဘတ်ဂျက်ကို ခွင့်ပြုခဲ့ပါသည်။

ယနေ့အစည်းအဝေးတွင် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်း ကော်မတီလုပ်ငန်းအစီရင်ခံစာဆိုင်ရာ ဆုံးဖြတ်ချက်၊ ပြည်သူ့တရားရုံးချုပ်လုပ်ငန်း အစီရင်ခံစာဆိုင်ရာ ဆုံးဖြတ်ချက်နှင့် ပြည်သူ့ရှေ့နေရုံးချုပ်လုပ်ငန်းအစီရင်ခံစာဆိုင်ရာ ဆုံးဖြတ်ချက်ကို မဲပေးအတည်ပြုပြီးခွင့်ပြုခဲ့ပါသည်။

 

   Webradio