• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၂-ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ ဒုတိယအကြိမ်အစည်းအဝေး ရုပ်သိမ်း

(GMT+08:00) 2014-03-12 11:21:54

၁၂-ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ ဒုတိယအကြိမ်အစည်းအဝေးကို ယနေ့၁၂-ရက်နေ့နံနက်ပိုင်းတွင် ပြည်သူ့ ခန်းမဆောင်ကြီး၌ ရုပ်သိမ်းပါသည်။

တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီဥက္ကဋ္ဌ ယွီဇိန့်စိန် သည် အစည်းအဝေးရုပ်သိမ်းပွဲအခမ်းအနားကို ကြီးမှူးကျင်းပခဲ့ပြီး ရှီကျင့်ဖိန်၊ လီခေ့ချန်၊ ကျန်တယ်ကျန်း၊ လျိုယွင်ဆန်၊ ဝမ်ချီးဆန်နှင့် ကျန်ကိုလိ တို့သည် အစည်း အဝေးရုပ်သိမ်းပွဲအခမ်းအနားသို့ တက်ရောက်ကြပါသည်။

အစည်းအဝေးတွင် ၁၂-ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ၏ လုပ်ငန်းအစီရင်ခံစာဆိုင်ရာဆုံးဖြတ်ချက်ကို အတည်ပြုပြီး ၁၂-ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ ဒုတိယအကြိမ်အစည်းအဝေး၏ အဆိုပြုချက်များစစ်ဆေးမှုအစီရင်ခံစာကို အတည်ပြုကာ ၁၂-ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ ဒုတိယအကြိမ်အစည်းအဝေး နိုင်ငံရေးဆုံးဖြတ်ချက်ကို အတည်ပြုပါသည်။

   Webradio