• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ဝန်ကြီးချုပ် လီခေ့ချန် သည် ထိုင်းနိုင်ငံရှိတရုတ်အနွယ်ဖွားများ၏ ဧည့်ခံကြိုဆိုပွဲသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြား

(GMT+08:00) 2013-10-13 16:29:23

တရုတ်ဝန်ကြီးချုပ် လီခေ့ချန် သည် ယမန်နေ့၁၂-ရက်နေ့ နေ့လယ်ပိုင်းက ဘန်ကောက်မြို့တွင် ထိုင်းနိုင်ငံရှိ တရုတ်အနွယ်ဖွားများ၏ ဧည့်ခံကြိုဆိုပွဲသို့ တက်ရောက် ပြီး မိန့်ခွန်းပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

ဝန်ကြီးချုပ် လီခေ့ချန် က၊ တရုတ်-ထိုင်းနှစ်နိုင်ငံချစ်ကြည်ရေးသည် ပိုမိုခင်မင်ရင်းနှီး လာကြောင်း၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးရှေ့အလားအလာ များစွာရှိကြောင်း၊ မိမိ၏ ထိုင်းခရီးစဉ်အတွင်းတွင် နှစ်နိုင်ငံအစိုးရတို့သည် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်များကို လက်မှတ်ရေးထိုးချုပ်ဆိုခဲ့သောကြောင့် နှစ်နိုင်ငံချစ်ကြည်ရေး အခြေခံအုတ်မြစ်ကို ပိုမိုခိုင်မြဲလာစေမည့်အပြင် နှစ်နိုင်ငံလုပ်ငန်းများအား ပိုမိုကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက်သွားစေကာ တရုတ်လုပ်ငန်းရှင်များအတွက် ပိုမိုများပြားသော ကုန်သွယ်ရေးအခွင့်အလမ်းလည်း ဖန်တီးပေးမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

   Webradio