• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ထိုင်းမီဒီယာများက တရုတ်ဝန်ကြီးချုပ် လီခေ့ချန် ၏ ထိုင်းခရီးစဉ်ကို တန်ဖိုးထားချီးကျူး

(GMT+08:00) 2013-10-12 15:55:59
      တရုတ်ဝန်ကြီးချုပ် လီခေ့ချန် သည် ထိုင်းနိုင်ငံတွင် ၃-ရက်ကြာ တရားဝင်ခရီး လှည့်လည်ရန် ယမန်နေ့၁၁-ရက်နေ့က ထိုင်းနိုင်ငံသို့ ရောက်ရှိသွားပါသည်။ ဒေသ စံတော်ချိန်ယမန်နေ့၁၁-ရက်နေ့ညနေ၄-နာရီက တရုတ်ဝန်ကြီးချုပ် လီခေ့ချန် သည် ထိုင်း လွှတ်တော်တွင် မိန့်ခွန်းပြောကြားခဲ့ပါသည်။ ထိုင်းလွှတ်တော်တွင် မိန့်ခွန်းပြောကြား ခဲ့သည့်နောက် တရုတ်ဝန်ကြီးချုပ် လီခေ့ချန် သည် ထိုင်းဝန်ကြီးချုပ် ယင်လပ် နှင့် ထိုင်းဝန်ကြီးချုပ်ရုံးတွင် တွေ့ဆုံနှုတ်ဆက်ပြီးနောက် ပူးတွဲသတင်းစာရှင်းလင်းပွဲကို ကျင်းပခဲ့ ကြပါသည်။ ထိုင်းမီဒီယာများ သည် တရုတ်ဝန်ကြီးချုပ် လီခေ့ချန် ၏ ပထမဆုံးအကြိမ် ထိုင်းခရီးစဉ်ကို အသီးသီးရေးသားဖော်ပြပြီး တန်ဖိုးထားချီးကျူးခဲ့ကြပါသည်။
   Webradio