• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာဆီယံ နိုင်ငံရေး ပုဂ္ဂိုလ်နဲ့ ပညာရှင်များက တရုတ်-အာဆီယံ ဆက်ဆံရေး တိုးမြှင့်ဖို့ ဝန်ကြီးချုပ် လီခေ့ချန်-ရဲ့ အဆိုပြုချက်တွေကို တန်ဖိုးထား သုံးသပ်

(GMT+08:00) 2013-10-11 17:00:25

တရုတ် နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်-ဟာ ၉-ရက်နေ့ ညနေပိုင်းက ဘရူနိုင်း-နိုင်ငံ ဘန်ဒါ-ဆယ်ရီ-ဘီဂါဝန်-မြို့တော်မှာ ကျင်းပတဲ့ ၁၆-ကြိမ်မြောက် တရုတ်-အာဆီယံ ထိပ်သီး အစည်းအဝေးသို့ တက်ရောက် မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ အာဆီယံ နိုင်ငံများမှ အစိုးရ အရာရှိ၊ နိုင်ငံရေး ပုဂ္ဂိုလ်၊ ပညာရှင်နဲ့ မီဒီယာများက ဝန်ကြီးချုပ် လီခေ့ချန်-ရှင်းလင်းပြောကြားတဲ့ လာမယ့် ၁၀-နှစ်အတွင်း တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဖို့ တိကျတဲ့ တွေဆချက်တွေဟာ အားတက်စရာ ကောင်းပြီး တရုတ်-အာဆီယံ အကြား အိမ်နီးချင်းကောင်း မိတ်ဆွေဖြစ် ပူးပေါင်းဆောင်ရွက်ရေး ဆက်ဆံမှု ထားရှိဖို့ အားကောင်းကောင်းနဲ့ တွန်းအားပေးမှာ ဖြစ်ပါတယ်လို့ ဖေါ်ပြပါတယ်။

ဘရူနိုင်း ဆာလတန်ဘုရင် ဟာဆာနာလ်-ဘိုလ်ကီယာ-က တရုတ်-အာဆီယံ လွတ်လပ်တဲ့ ကုန်သွယ်ရေးဇုန် အဆင့်တိုးမြှင့်ဖို့အတွက် ဆွေးနွေးရန် ဝန်ကြီးချုပ် လီခေ့ချန်-ရဲ့ အဆိုပြုချက်ဟာ အာဆီယံနဲ့ တရုတ်ပြည်ရဲ့ စီးပွါးရေး ဆက်ဆံမှုကို တစ်ဆင့်တိုးမြင့်စေမှာ ဖြစ်ပြီး ဒေသတွင်း စီးပွါးရေး ကမ္ဘာ့ စီးပွါးရေးရဲ့ ပြောင်းလဲမှုနဲ့ လိုက်လျောညီထွေ ဖြစ်စေနိုင်မှာ ဖြစ်ကြောင်း၊ တရုတ်ပြည်နဲ့ အာဆီယံတို့ရဲ့ ကုန်သွယ်ရေး နယ်ပယ်မှာ ခရီးမှတ်တိုင်တွေကို စိုက်ထူထားပြီး တရုတ်ပြည်ဟာ ၅-နှစ်ဆက်တိုက် အာဆီယံရဲ့ အကြီးဆုံး ကုန်သွယ်ဖက် ဖြစ်လာပြီ ဖြစ်ကြောင်း ပြောကြားပါတယ်။

အာဆီယံ အတွင်းရေးမှူးချုပ် လေလွန်မင်-က အာဆီယံ အဖွဲ့ဝင် နိုင်ငံအားလုံးက တရုတ်-အာဆီယံ လွတ်လပ်တဲ့ ကုန်သွယ်ရေးဇုန် အဆင့်တိုးမြှင့်ရေး ဆွေးနွေးပွဲ ကျင်းပဖို့ အဆိုပြုချက်ကို အပြုသဘောဆောင်တဲ့ အချက်ပြ အမှတ်အသားလို့ မြင်ကြပါတယ်။ လာမယ့် ၁၀-နှစ်အတွင်း တရုတ်ပြည်ဟာ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဖို့ ကြိုးပမ်းမှာကို ပြသကြောင်း အာဆီယံ နိုင်ငံများက ယူဆကြပါတယ်။ အာဆီယံနဲ့ တရုတ်ပြည်က နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှု တွန်းအားပေးရေးရဲ့ အရေးကြီးပုံကို သိမြင်လာကြပါတယ်။ တရုတ်ပြည်ဟာ အာဆီယံရဲ့ အဓိက ကုန်သွယ်ဘက် ဖြစ်ပြီး  တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်တဲ့ အဓိက နိုင်ငံလည်း ဖြစ်ပါတယ်လို့ ပြောကြားပါတယ်။

ထိုင်းနိုင်ငံ အသိပညာရှင်နဲ့ အတတ်ပညာရှင်များအဖွဲ့ ဖြစ်တဲ့ ကိုင်ထိုင်း-သုတေသနဌာန ဌာနမှူး ဟွမ်ဘင်-က တရုတ်ပြည်နဲ့ အာဆီယံ နိုင်ငံများဟာ အိမ်နီးချင်းနိုင်ငံဖြစ်လို့ ဝန်ထမ်း သွားလာမှုနဲ့ ကုန်စည်ပို့ဆောင်မှု အင်မတန် အဆင်ပြေပါတယ်။ နောင်အခါမှာ တရုတ်နဲ့ အာဆီယံတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုးမြှင့်ပေးသင့်ပြီး တရုတ်-အာဆီယံ လွတ်လပ်တဲ့ ကုန်သွယ်ရေးဇုန်ရဲ့ အဆင့်တိုးမြှင့်ပေးကာ အဲဒီ ကုန်သွယ်ရေးဇုန်ကို ဒေသတွင်း ဘက်စုံ စီးပွါးရေး မိတ်ဖက် ဆက်ဆံမှုရဲ့ စမ်းသပ်ရေးဇုန် အဖြစ်ကို တည်ဆောက်သင့်ပါတယ်။ အဲဒါဟာ ဒေသတွင်း စီးပွါးရေး ရောနှောပေါင်းစပ်ခြင်းအတွက် အတွေ့အကြုံတွေကို စုဆောင်းမှာဖြစ်ပြီး အခြေခံ အုတ်မြစ်လည်း ချမှတ်မှာ ဖြစ်ပါတယ်လို့ ပြောကြားပါတယ်။

မလေးရှား Oriental Daily-သတင်းစာမှ လက်ထောက် အယ်ဒီတာချုပ် အင်ကင်စီယာ-က တရုတ်-အာဆီယံ လွတ်လပ်တဲ့ ကုန်သွယ်ရေးဇုန် အဆင့်တိုးမြှင့်ရေး ဆွေးနွေးပွဲ ကျင်းပဖို့ ဝန်ကြီးချုပ် လီခေ့ချန်- တင်ပြတဲ့ အဆိုပြုချက် အပေါ် အာဆီယံ နိုင်ငံများက ဂရုထား အာရုံစိုက်နေကြပါတယ်။ အာဆီယံ နိုင်ငံများ စီးပွါးရေး ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် တရုတ်ပြည်ရဲ့ အင်အားကို အားကိုးဖို့ လိုအပ်ကြောင်း၊ တရုတ်ခေါင်းဆောင်သစ်များ တာဝန်ထမ်းဆောင်ခဲ့တဲ့ နောက်ပိုင်းမှာ အာဆီယံ နိုင်ငံများမှာ အကြိမ်ပေါင်းများစွာ ခရီးလှည့်လည်ပြီး အရှေ့တောင် အာရှ နိုင်ငံများအား စိတ်ကောင်း စေတနာကောင်းကို ပြသပါတယ်။ အဲဒါဟာ လာမယ့် ၁၀-နှစ်မှာ နှစ်ဖက် ဆက်ဆံမှုအတွက် ကောင်းမွန်တဲ့ အစပျိုးခြင်း တစ်ခုဖြစ်ပါတယ်လို့ ပြောကြားပါတယ်။

   Webradio