• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာရှတိုက်အခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံရေးဘဏ် ဖွဲ့စည်းတည်ထောင်ရန် စင်ကာပူ ဝန်ကြီးချုပ် ကြိုဆို

(GMT+08:00) 2013-10-11 16:20:37

တရုတ်ဝန်ကြီးချုပ် လီခေ့ချန် သည် တရုတ်-အာဆီယံ၂+၇ပူးပေါင်းဆောင်ရွက်ရေး မူဘောင်ကို တင်ပြခဲ့သည့်နောက် စင်ကာပူဝန်ကြီးချုပ် လီရှန်လုံ က၊ တရုတ်-အာဆီယံ နှစ်ဖက်တို့သည် တရုတ်-အာဆီယံအဖွဲ့ဝင်နိုင်ငံများ အိမ်နီးချင်းမိတ်ဆွေဖြစ်ပူးပေါင်း ဆောင်ရွက်ရေးစာချုပ်ကို လက်မှတ်ရေးထိုးကြရန် တရုတ်ဝန်ကြီးချုပ် လီခေ့ချန် ၏ အဆိုပြု ချက်ကို တန်ဖိုးထားချီးကျူးခဲ့ကြောင်း စင်ကာပူ လျန်ဟိုဇော်ပို သတင်းစာက ယမန်နေ့၁၀- ရက်နေ့က ရေးသားဖော်ပြခဲ့ပါသည်။

လာမည့်၂၀၁၄-ခုနှစ်တွင် စင်ကာပူနိုင်ငံသည် အာဆီယံ-တရုတ်ဆက်ဆံမှုဆိုင်ရာ ညှိနှိုင်းရေးနိုင်ငံဖြစ်လာမည်ဖြစ်ကြောင်း၊ စင်ကာပူဝန်ကြီးချုပ် လီရှန်လုံ က၊ ညှိနှိုင်းရေးနိုင်ငံ အဖြစ် စင်ကာပူနိုင်ငံအနေဖြင့် အာဆီယံ-တရုတ်ဆက်ဆံမှု အားသစ်လောင်းပေးရေး အတွက်အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်း ရရှိပါသည်။

   Webradio