• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ဝန်ကြီးချုပ် လီခေ့ချန် သည် ဘရူနိုင်းနိုင်ငံဆာလဒန်ဘုရင် ဟာဆာနာလ်- ဘိုလ်ကီယာ နှင့်တွေ့ဆုံနှုတ်ဆက်

(GMT+08:00) 2013-10-11 16:15:44

တရုတ်ဝန်ကြီးချုပ် လီခေ့ချန် သည် ယမန်နေ့၁၀-ရက်နေ့ညက ဘရူနိုင်းဘုရင့် နန်းတော်တွင် ဘရူနိုင်းနိုင်ငံဆာလဒန်ဘုရင် ဟာဆာနာလ်-ဘိုလ်ကီယာ၊ ဘုရင့်တော်ဝင် မိသားစုဝင်များနှင့်တွေ့ဆုံနှုတ်ဆက်သည့်အပြင်ဘရူနိုင်းနိုင်ငံဆာလဒန်ဘုရင်ဟာဆာနာလ်-ဘိုလ်ကီယာ ကတည်းခင်းဧည့်ခံသော ညစာစားပွဲသို့ တက်ရောက်ကာ မိန့်ခွန်းလည်း ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

ဘရူနိုင်းနိုင်ငံဘန်ဒါဆရီဘက်ဂါဝမ်မြို့တော်တွင် ကျင်းပနေသော အရှေ့အာရှထိပ်သီး ခေါင်းဆောင်များအစည်းအဝေးသို့ တက်ရောက်သည့် တရုတ်ဝန်ကြီးချုပ် လီခေ့ချန် သည် ယမန်နေ့၁၀-ရက်နေ့ညနေပိုင်းက တောင်ကိုရီးယားသမ္မတ ပတ်ကွမ်ဟေး၊ အင်ဒိုနီးရှား သမ္မတ ဆူဆီလို၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆင် နှင့် နယူးဇီလန်ဝန်ကြီးချုပ် ဂျွန်ကီး တို့ နှင့် အသီးသီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်ဟု သတင်းရရှိပါသည်။

 

   Webradio