• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည် ၁၆-ကြိမ်မြောက် အာဆီယံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယား ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်

(GMT+08:00) 2013-10-11 16:15:26

တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ယမန်နေ့ ၁၀-ရက်နေ့ နံနက်ပိုင်းက ဘရူနိုင်းနိုင်ငံ ဘန်ဒါ-စယ်ရီ-ဘီဂါဝန်မြို့တော်၌ ကျင်းပခဲ့သော ၁၆-ကြိမ်မြောက် အာဆီယံနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယား ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း၊ အာဆီယံအဖွဲ့ဝင် ၁၀-နိုင်ငံ၊ ဂျပန်နှင့် တောင်ကိုးရီးယားနိုင်ငံများမှ ခေါင်းဆောင်များလည်း ယင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ကြကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ဝန်ကြီးချုပ် လီခေ့ချန်က အာဆီယံ +၃နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုမှာ အောင်မြင်မှု များစွာ ရရှိနေပြီဖြစ်ကြောင်း၊ နိုင်ငံအသီးသီးတို့သည် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးကို လက်ကိုင်ထားပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုဘဝ တိုးမြှင့်ရေးကို ဦးစားပေးရမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်ဟု သတင်းအရ သိရပါသည်။

   Webradio