• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အဌမအကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေးကို ဘရူနိုင်း နိုင်ငံတွင် ဖွင့်လှစ်

(GMT+08:00) 2013-10-10 18:30:08

အဌမအကြိမ်မြောက် အရှေ့အာရှ ထိပ်သီးအစည်းအဝေးကို ယနေ့ ၁၀-ရက်နေ့ နံနက်ပိုင်းက ဘရူနိုင်း နိုင်ငံ ဘန်ဒါ-ဆယ်ရီ-ဘီဂါဝမ်-မြို့တော်တွင် ဖွင့်လှစ်ခဲ့ရာ အာဆီယံ အဖွဲ့ဝင် ၁၀-နိုင်ငံနှင့် ဆွေးနွေးဘက် ၈-နိုင်ငံတို့မှ ထိပ်သီးခေါင်းဆောင်များသည် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း ဆင်ဟွာ-သတင်းအရ သိရပါသည်။

ဘရူနိုင်း ဆာလတန် ဘုရင် ဟာဆာနာလ်-ဘိုလ်ကီယာ-က ဖွင့်ပွဲ အခမ်းအနားတွင် မိန့်ခွန်းပြောကြားရာ၌ စားနပ်ရိက္ခာ ဖူလုံမှုသည် ဒေသတွင်း ပြည်သူများ၏ နေထိုင်မှုဘဝနှင့် အခြား အရေးကြီးသည့် နယ်ပယ်များ အပေါ် တိုက်ရိုက် ဂယက်ရိုက်ခတ်မည်ဖြစ်ကြောင်း၊ ထို့ကြောင်း စားနပ်ရိက္ခာ ဖူလုံမှု အာမခံပေးရေးသည် အနာဂတ်တွင် အရှေ့အာရှ၏ ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်း တစ်ရပ်ဖြစ်ကြောင်း ပြောကြားပါသည်။

 

   Webradio