• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည်၊တရုတ်-အာဆီယံဘက်ပေါင်းစုံပြီးအဆင့်မြင့်ပူးပေါင်း
ဆောင်ရွက်မှုကိုအားဖြည့်ဆောင်ရွက်သွားမည်ဟုအလေးထားဖေါ်ပြ

(GMT+08:00) 2013-10-10 17:10:27

     တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခေ့ချန်သည်၊ ယမန်နေ့ ၉-ရက်နေ့ညနေ ပိုင်းက ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘန်ဒါဆရီ ဘီဂါဝန်မြို့တော်၌ ကျင်းပသည့် ၁၆-ကြိမ်မြောက် အာဆီယံအဖွဲ့ဝင်ဆယ်-နိုင်ငံ၊ တရုတ်၊ ဂျပန်နှင့်တောင်ကိုရီးယား ၃-နိုင်ငံ ခေါင်းဆောင်များ အစည်းအဝေးကို တက်ရောက်ခဲ့ပါသည်။ ယခုအကြိမ်အစည်းအဝေးကို ဝန်ကြီးချုပ်လီခေ့ချန်နှင့် ဘရူနိုင်းဘုရင်-ဟာဆနာလ်တို့ပူးတွဲဦးစီး ကျင်းပပြီး၊ အာဆီယံ အဖွဲ့ဝင် ဆယ်-နိုင်ငံခေါင်းဆောင်များတက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေး တက်ရောက်သူများသည်၊ တရုတ်-အာဆီယံ ဆက်ဆံမှုနက်ရှိုင်းစေရေး လေးနက်စွာစေ့စပ် ဆွေးနွေးကြပြီး၊ ပူးပေါင်းဆောင်ရွက်ရေးမူဘောင်မျှော်မှန်းချက်များတင်သွင်း၍သဘောတူညီမှုများ လည်း ကျယ်ကျယ်ပြန့်ပြန့်ရရှိခဲ့ကြသည်ဟု စီအာအိုင်သတင်းအရသိရပါသည်။

   Webradio