• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၃-ကြိမ်မြောက်အာဆီယံထိပ်သီးခေါင်းဆောင်များအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ဘရူနိုင်းနိုင်ငံတွင် ကျင်းပ

(GMT+08:00) 2013-10-09 17:16:13

၂၃-ကြိမ်မြောက်အာဆီယံထိပ်သီးခေါင်းဆောင်များအစည်းအဝေး ဖွင့်ပွဲအခမ်းအနား ကို ယနေ့နံနက်ပိုင်းက ဘရူနိုင်းနိုင်ငံ ဘန်ဒါဆရီဘက်ဂဝမ်မြို့တော်တွင် ကျင်းပခဲ့ပါသည်။ အာဆီယံအဖွဲ့ဝင်၁၀-နိုင်ငံမှ ထိပ်သီးခေါင်းဆောင်များနှင့် အာဆီယံအတွင်းရေးမှူးချုပ် လေလုံမင်းတို့သည် ယခုအကြိမ်အစည်းအဝေးသို့ တက်ရောက်ခဲ့ကြပါသည်။

အာဆီယံအဖွဲ့ဝင်၁၀-နိုင်ငံနှင့် ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ အမေရိကန် အာဆီယံ+၁ထိပ်သီးခေါင်းဆောင်များအစည်းအဝေးများကိုလည်း ယနေ့တွင် ကျင်းပမည် ဖြစ်ကြောင်း၊ တရုတ်ဝန်ကြီးချုပ် လီခေ့ချန် သည် အဆီယံအဖွဲ့ဝင်၁၀-နိုင်ငံနှင့်တရုတ်ပြည် အာဆီယံ+၁အစည်းအဝေးသို့တက်ရောက်ပြီးမိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

 

   Webradio