• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝန်ကြီးချုပ်လီခေ့ချန်သည် ဘရူနိုင်း၊ ထိုင်းနှင့် ဗီယက်နမ် သုံးနိုင်ငံ၌ ခရီးလှည့်လည်ရန် ပီကင်းမှ ထွက်ခွာ

(GMT+08:00) 2013-10-09 17:15:54

တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီခေ့ချန်သည် ဘရူနိုင်းနိုင်ငံ၌ ကျင်းပမည့် အရှေ့အာရှထိပ်သီးခေါင်းဆောင်များ အစည်းအဝေးများသို့ တက်ရောက်ရန်နှင့် ဘရူနိုင်း၊ ထိုင်းနှင့် ဗီယက်နမ် သုံးနိုင်ငံ၌ တရားဝင် ခရီးလှည့်လည်ရန် ယနေ့ နံနက်ပိုင်းက အထူးလေယာဉ်ဖြင့် ပီကင်းမြို့မှ ထွက်ခွာသွားကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ယင်းခရီးစဉ်သည် ယခုနှစ်အတွင်း ဝန်ကြီးချုပ်လီခေ့ချန်၏ ဒုတိယအကြိမ် ခရီးစဉ်ဖြစ်သည့်အပြင် လီခေ့ချန် ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်သည့်နောက်ပိုင်း ပထမအကြိမ် အရှေ့အာရှ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးများသို့ တက်ရောက်ခြင်းလည်းဖြစ်ကြောင်း သတင်းအရ သိရပါသည်။

   Webradio