• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာဆီယံထိပ်သီးခေါင်းဆောင်များအစည်းအဝေးနဲ့ အရှေ့အာရှထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးတွေကို ကျင်းပတော့မယ်

(GMT+08:00) 2013-10-09 16:54:46

၂၃-ကြိမ်မြောက်အာဆီယံထိပ်သီးခေါင်းဆောင်များအစည်းအဝေးကို ဒီလ၉-ရက်နေ့ ကနေ ၁၀-ရက်နေ့အထိ ဘရူနိုင်းနိုင်ငံ ဘန်ဒါဆရီဘက်ဂဝမ်မြို့တော်မှာ ကျင်းပမှာဖြစ် ပါတယ်။ အစည်းအဝေးကျင်းပစဉ်အတောအတွင်း အာဆီယံအဖွဲ့ဝင်၁၀နိုင်ငံနဲ့ တရုတ်ပြည် အာဆီယံ+၁၊ အာဆီယံအဖွဲ့ဝင်၁၀နိုင်ငံနဲ့ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၃-နိုင်ငံ အာဆီယံ+၃နဲ့ အဋ္ဌမအကြိမ်မြောက်အရှေ့အာရှထိပ်သီးခေါင်းဆောင်များအစည်းအဝေး တွေကိုလည်း ကျင်းပမှာဖြစ်ပါတယ်။ တရုတ်ဝန်ကြီးချုပ် လီခေ့ချန် ဟာ အရှေ့အာရှ ထိပ်သီးခေါင်းဆောင်များအစည်းအဝေးကို ပထမဆုံးအကြိမ်တက်ရောက်မှာဖြစ်ပါတယ်။

အခုအကြိမ်အာဆီယံထိပ်သီးခေါင်းဆောင်များအစည်းအဝေးကို ဘရူနိုင်းနိုင်ငံတော် နိုင်ငံတကာအစည်းအဝေးစင်တာမှာ ကျင်းပမှာဖြစ်ပါတယ်။ ဒီနှစ်အစည်းအဝေးရဲ့ အဓိက ဆောင်ပုဒ်ဟာ ကျွန်တော်တို့ရဲ့ပြည်သူများ၊တူညီတဲ့ရှေ့အလားအလာဖြစ်ပါတယ်။ အစည်း အဝေးမှာ အာဆီယံတစ်ပြေးညီဖြစ်စေရေး၊ အထူးသဖြင့် ၂၀၁၅-ခုနှစ်မှာ အာဆီယံ စီးပွားရေးအသိုက်အဝန်းတည်ဆောက်ပြီးစီးရေးအတွက် ပြင်ဆင်ရေးလုပ်ငန်းတွေကို ဆွေးနွေးမှာဖြစ်ပါတယ်။ ဒါ့အပြင် အခုအကြိမ်အစည်းအဝေးမှာ တောင်ပင်လယ်ပြဿနာ ကိုလည်း ဆွေးနွေးကြမှာဖြစ်ပါတယ်။ ဒီလ၈-ရက်နေ့နံနက်ပိုင်းက အစည်းအဝေး တက်ရောက်မယ့်ဘက်အသီးသီးတို့မှ အဆင့်မြင့်အရာရှိများဟာ ကြိုတင်အစည်းအဝေးကို ကျင်းပပြီး အစည်းအဝေးအစီအစဉ်နဲ့ ဆွေးနွေးဖို့အကြောင်းအရာတွေကို ဆွေးနွေး သတ်မှတ်ခဲ့ကြပါတယ်။

ထုံးတိုင်းစဉ်လာအတိုင်းပင် အစည်းအဝေးတက်ရောက်သူများဟာ အာဆီယံအဖွဲ့ဝင် ၁၀-နိုင်ငံနဲ့ အာဆီယံဆွေးနွေးဘက်နိုင်ငံဖြစ်ကြတဲ့ အမေရိကန်၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ရုရှားနဲ့ အိန္ဒိယ၆-နိုင်ငံတို့က ထိပ်သီးခေါင်းဆောင်များ ပါဝင်ကြပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ အာဆီယံအတွင်းရေးမှူးချုပ် လေလုံမင်း၊ သြစတေးလျားဝန်ကြီးချုပ် တိုနီ-အာဘိုတာ၊ နယူးဇီလန်ဝန်ကြီးချုပ် ဂျုံကေ တို့ဟာလည်း အစည်းအဝေးကို တက်ရောက်ကြမှာဖြစ်ပါတယ်။ အာဆီယံထိပ်သီး ခေါင်းဆောင်များအစည်းအဝေးဟာ အာရှ-ပစိဖိတ်ဒေသများ ဆက်သွယ်ဖို့နဲ့ ဆွေးနွေးဖို့ ပလက်ဖောင်းတစ်ခု ဖြစ်လာနေပြီဖြစ်ကြောင်း တွေ့မြင်နိုင်ပါတယ်။

တရုတ်ဝန်ကြီးချုပ် လီခေ့ချန် ဟာ အရှေ့အာရှထိပ်သီးခေါင်းဆောင်များအစည်း အဝေးကို တက်ရောက်မှာဖြစ်ပါတယ်။ အဲဒါဟာ ဝန်ကြီးချုပ် လီခေ့ချန် က အဆိုပါအစည်း အဝေးကို ပထမဆုံးအကြိမ်တက်ရောက်ခြင်းဖြစ်ပါတယ်။ ဒီနှစ်ဟာ တရုတ်ပြည်နဲ့ အာဆီယံ အဖွဲ့တို့အကြား မဟာဗျူဟာမိတ်ဖက်ဆက်ဆံမှုထားရှိခဲ့တဲ့ ၁၀-နှစ်ပြည့်မြောက်နှစ်ဖြစ် ပါတယ်။ ဝန်ကြီးချုပ် လီခေ့ချန် ဟာ တရုတ်အစိုးရသစ်နဲ့ အာဆီယံအဖွဲ့တို့အကြား ဆက်ဆံမှုကို အားသစ်လောင်းပေးဖို့ တရုတ်ပြည်ရဲ့နိုင်ငံခြားရေးမူဝါဒကို ရှင်းလင်းဖော်ပြ မှာဖြစ်ပါတယ်။ ရှေ့အလားအလာမှာ တရုတ်-အာဆီယံပူးပေါင်းဆောင်ရွက်ရေးမူဘောင် အပေါ် သူ့ရဲ့ယူဆချက်နဲ့ အဆိုပြုချက်တွေကို တင်ပြမှာဖြစ်ပါတယ်။ နိုင်ငံရေးဆိုင်ရာ လုံခြုံရေး၊ စီးပွားကုန်သွယ်ရေး၊ အပြန်အလှန်ဆက်သွယ်ရေး၊ ပင်လယ်ပြင်ပူးပေါင်း ဆောင်ရွက်ရေး၊ လူမှုရေးနဲ့ယဉ်ကျေးမှုစတဲ့နယ်ပယ်တွေမှာ နှစ်ဖက်တို့အကြားပူးပေါင်း ဆောင်ရွက်မှု တစ်ဆင့်တက်နက်ရှိုင်းစေရေးအပေါ် တရုတ်ပြည်ရဲ့ရပ်တည်ချက် သဘောထားတွေကိုလည်း ရှင်းလင်းဖော်ပြမှာဖြစ်ပါတယ်။ ဝန်ကြီးချုပ် လီခေ့ချန် ဟာ တရုတ်-အာဆီယံ အိမ်နီးချင်းကောင်းမိတ်ဆွေဖြစ်ပူးပေါင်းဆောင်ရွက်မှုစာချုပ် လက်မှတ် ရေးထိုးဖို့ ဆွေးနွေးရေး၊ တရုတ်-အာဆီယံလွတ်လပ်တဲ့ကုန်သွယ်ရေးဇုန် တိုးမြှင့် တည်ဆောက်ရေး၊ အာရှတိုက်အခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံရေးဘဏ်တည်ဆောက် ဖို့ ပြင်ဆင်ရေးနဲ့ ပင်လယ်ပြင်ပူးပေါင်းဆောင်ရွက်ရေးစတာတွေအပေါ် အဆိုပြုချက်တွေကို တင်ပြမှာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်တဲ့သတင်းအရ သိရ ပါတယ်။ တရုတ်-အာဆီယံထိပ်သီးခေါင်းဆောင်များအစည်းအဝေး တက်ရောက်မယ့်အပြင် ဝန်ကြီးချုပ် လီခေ့ချန် ဟာ အာဆီယံအဖွဲ့ဝင်၁၀-နိုင်ငံနဲ့ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား ၃-နိုင်ငံ အာဆီယံ+၃အစည်းအဝေးနဲ့ အရှေ့အာရှထိပ်သီးခေါင်းဆောင်များအစည်းအဝေး တွေကိုလည်း တက်ရောက်မှာဖြစ်ပါတယ်။ အာဆီယံ+၃အစည်းအဝေးမှာ ဝန်ကြီးချုပ် လီခေ့ချန် ဟာ ဘဏ္ဍာရေးနဲ့ငွေကြေးပူးပေါင်းဆောင်ရွက်ရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ အပြန်အလှန်ဆက်သွယ်ရေးနဲ့ စွမ်းအင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးစတဲ့နယ်ပယ်တွေအပေါ် အဆိုပြုချက်နဲ့ ပူးပေါင်းဆောင်ရွက်ရေးကြံဆချက်တွေကို တင်ပြမှာဖြစ်ပါတယ်။ အရှေ့ အာရှထိပ်သီးခေါင်းဆောင်များအစည်းအဝေးမှာ ဝန်ကြီးချုပ် လီခေ့ချန် ဟာ တခြားနိုင်ငံများ နဲ့အတူ စီးပွားရေး၊ လူမှုရေးနဲ့ နိုင်ငံရေးလုံခြုံမှုဆိုင်ရာ ဆွေးနွေးပွဲကျင်းပရေးနဲ့ ပူးပေါင်း ဆောင်ရွက်ရေးတို့ကို တွန်းအားပေးကြမှာဖြစ်ပါတယ်။

   Webradio