• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နှင့်အာဆီယံတို့မဟာဗျူဟာမြောက်တိုးတက်ထိုးဖေါက်မှုသစ် ရှာကြံမည်ဟုအာဆီယံဆိုင်ရာတရုတ်နိုင်ငံသံအမတ်ကြီးကဆို

(GMT+08:00) 2013-10-07 17:11:48

    အရှေ့အာရှခေါင်းဆောင်များအစည်းအဝေးကို ယခုလ၉ရက်နေ့တွင်ဘရူနိုင်နိုင်ငံမှာ ကျင်းပမှာဖြစ်ပါတယ်။ မကြာခင်က အာဆီယံဆိုင်ရာတရုတ်နိုင်ငံသံအမတ်ကြီး မစ္စက် ယန်ရှုဖိန်က သတင်းထောက်ရဲ့မေးမြန်းချက်ကို စာဖြင့်လက်ခံဖြေကြားရာမှာ တရုတ်နဲ့ အာဆီယံတို့ လွန်ခဲ့တဲ့၁၀-နှစ်တာ ရွှေကာလအတွင်းမှာ ထင်ရှားတဲ့အောင်မြင်မှုများကိုရရှိခဲ့ သလို နောင်မှာလည်း အပြန်အလှန်ယုံကြည်မှု အဆက်မပြတ်တိုးပွားမယ့်အခြေခံပေါ်မှာ လက်တွေ့ကျတဲ့ ဘက်စုံပူးပေါင်းဆောင်ရွက်မှုများကိုအားသစ်လောင်းပေးကာ မဟာဗျူဟာ မြောက် တိုးတက်ထိုးဖေါက်မှုသစ် ရှာကြံမယ်လို့ဖေါ်ပြပါတယ်။

    တရုတ်ပြည်နဲ့အာဆီယံအကြား အနာဂတ်ပူးပေါင်းဆောင်းရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်ပြီး မစ္စက် ယန်ရှုဖိန်က အကြံပြုချက် ၆-ချက်ကိုတင်ပြလိုက်ပါတယ်။

၁။ နိုင်ငံရေးအရအပြန်အလှန်ယုံကြည်မှုကိုအဆက်မပြတ်တိုးပွားစေဖို့၊

၂။ တရုတ်-အာဆီယံလွတ်လပ်တဲ့ကုန်သွယ်ရေးဇုန်နယ်ကို အဆင့်မြှင့်တင်ပြီး တည် ဆောက်ဖို့၊

၃။ အပြန်အလှန်ဆက်သွယ်ရေးကိုအားသစ်လောင်းပေးဖို့၊

၎။ ငွေကြေးအရပူးပေါင်းဆောင်ရွက်မှုကိုအားဖြည့်ဆောင်ရွက်ဖို့၊

၅။ ပင်လယ်ပြင်ပူးပေါင်းဆောင်ရွက်မှုကိုပြုလုပ်ဖို့၊

၆။ လူမှုရေးယဉ်ကျေးမှုကူးလူးဖလှယ်မှုများကိုအားဖြည့်ဆောင်ရွက်ဖို့တို့ဖြစ်ပါတယ်။
   Webradio