• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဒေသနှင့်ကမ္ဘာ့အတွက်အာဆီယံအဖွဲ့ကအရေးကြီးလာသည်ဟု ထိုးပညာရှင်ကဆို

(GMT+08:00) 2013-10-07 17:10:18

    ၂၃-ကြိမ်မြောက် အာဆီယံထိပ်သီးခေါင်းဆောင်များအစည်းအဝေးကို လာမယ့် ၉ ရက်နေ့နဲ့ ၁၀ ရက်နေ့တို့မှာ ဘရူနိုင်းနိုင်ငံမှာ ကျင်းပမှာဖြစ်ပါတယ်။ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံနဲ့အတူ အမေရိကန်၊ တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယားနိုင်ငံတို့ကခေါင်းဆောင်များက ဒီအကြိမ်အစည်းအဝေးကိုတက်ရောက်ကြမှာဖြစ်ပါတယ်။ အစည်းအဝေးမကျင်းပခင်မှာ စီအာအိုင်သတင်းထောက်က ထိုင်းနိုင်ငံဥပဒေနဲ့နိုင်ငံရေးတက္ကသိုလ် အရှေ့အာရှ သုတေ သနဌာနက ပါမောက္ခ ကီတီနဲ့တွေ့ဆုံခဲ့ပါတယ်။ ပါမောက္ခ ကီတီက တစ်ကမ္ဘာလုံးစီးပွားရေး ရှေ့အလားအလာ မသဲမကွဲဖြစ်နေတဲ့အချိန်မှာ အာရှတိုက်က ထွန်းသစ်စ စီးပွားရေး အင်အားတွေက ဖံွံ့ဖြိုးတိုးတက်မှုအရှိန်ကိုထိန်းသိမ်းနိုင်ပါတယ်၊ ဒေသတွင်းမှာ တစ်ခုတည်း တပြေးညီအဖွဲ့အစည်းတစ်ခုအနေနဲ့ အာဆီယံအဖွဲ့ကို များသည်ထက်များပြားလာတဲ့ နိုင်ငံတွေက အလေးထားဂရုပြုနေကြတယ်လို့ဖေါ်ပြပါတယ်။

    ပါမောက္ခ ကီတီက "ချုံပြီးပြောရရင် တစ်ကမ္ဘာလုံးရဲ့အင်အားဟာ အာရှတိုက်ကိုပိုမို တိမ်းစောင်းလာပါတယ်။ ၂၀၀၈-ခုနှစ်ကစတင်တဲ့ငွေကြေးအကျပ်အတည်းကြောင့် ဥရောပ နဲ့အမေရိကန်တို့ရဲ့စီးပွားရေးကို ပြင်းထန်စွာထိခိုက်ခဲ့တယ်။ ဒါပေမဲ့အာရှတိုက်၊အထူးသဖြင့် တရုတ်ပြည်ရဲ့စီးပွားရေးဟာ တိုးတက်မှုအရှိန်ထိန်းသိမ်းနိုင်လို့ ကမ္ဘာ့နိုင်ငံတွေက အာရှတိုက်ကိုပိုပြီးအလေးထားလာပါတယ်"လို့ ပြောပါတယ်။

    ဒီနှစ်ဟာ တရုတ်နဲ့အာဆီယံအကြား မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံမှု တည်ဆောက်ခဲ့တဲ့ ၁၀-နှစ်ပြည့်မြောက်နှစ် ဖြစ်ပါတယ်။ ပါမောက္ခ ကီတီက

    "အကြံဉာဏ်ကောင်းတစ်ခုပါ။ကျွန်တော်လည်း အာဆီယံနဲ့တရုတ်ပြည်ရဲ့ဆက်ဆံမှုကို အဆင့်မြှင့်တင်ဖို့သဘောတူပါတယ်။ ဒါကတော့ ကုန်သွယ်ရေးနဲ့ရင်းနှီးမြှုပ်နှံမှုတို့ဘက်မှာ အပြန်အလှန်အမှီသဟဲပြုနေတဲ့အကျိုးကျေးဇူးတစ်ခုပါ၊ နှစ်ဖက်တို့ရဲ့ဆက်ဆံမှုကို ရှေ့ဆက်ဖွံ့ဖြိုးတိုးတက်နိုင့်ဖို့ ဆက်လက်တွန်းအားပေးရမယ်"လို့ ပါမောက္ခ ကီတီက ပြောပါတယ်။

    အိုဘားမားအစိုးရတက်လာခဲ့တဲ့နောက် အမေရိကန်က "အာရှ-ပစိဖိတ်ဒေသကို ပြန်လည်ရောက်ရှိရေး"ဗျူဟာကိုတင်ပြလာခဲ့သလို ဂျပန်၊ တောင်ကိုးရီးယား၊အိန္ဒိယနိုင်ငံ အသီးသီးကလည်း အာဆီယံနဲ့ဆက်ဆံရေးကိုမြှင့်တင်ဖို့ရည်ရွယ်ကြပါယ်။ဒါနဲ့ပတ်သက်ပြီး ပါမောက္ခ ကီတီက

    "ကတယ်လို့ဒီဒေသမှာ နိုင်ငံကြီးတစ်နိုင်တည်းပဲရှိရင် အာဆီယံအတွက် ဝေ့ပတ် လှည့်လည်စရာနေရာမရှိတော့ဘူး၊ နိုင်ငံကြီးအများကြီးရှိရင် အာဆီယံက ဆွေးနွေးစရာ၊ ရွေးချယ်စရာရှိလာမှာပါ၊ ဒါပေမဲ့ တစ်ဖက်ကလည်း ဒီဒေသအတွင်းမှာ နိုင်ငံကြီးတွေအကြား ပြိုင်ဆိုင်မှုများလွန်းရင် မတည်ငြိမ်မှုတွေဖြစ်လာတတ်ပါတယ်။ ဒါက အာဆီယံအတွက် အနုလက္ခဏာတစ်ခုဖြစ်မယ်"လို့ ပါမောက္ခ ကီတီကပြောပါတယ်။

   Webradio