• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ဝန်ကြီးချုပ် လီခေ့ချန် သည် တရုတ်-အာဆီယံပူးပေါင်းဆောင်ရွက်မှု အားသစ်လောင်းပေးရေးအတွက် အဆိုပြုချက်၅-ရပ်တင်ပြ

(GMT+08:00) 2013-09-04 16:58:18

ဒသမအကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ၊ တရုတ်-အာဆီယံကုန်သွယ်ရေး နှင့်ရင်းနှီးမြှုပ်နှံရေးထိပ်သီးအစည်းအဝေးကို ယမန်နေ့၃-ရက်နေ့နံနက်ပိုင်းက တရုတ်ပြည် ကွမ်ရှီးကျွမ့်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ရေးဒေသနန်နင်းနိုင်ငံတကာကုန်စည်ပြပွဲစင်တာ၌စတင် ကျင်းပခဲ့ကြောင်း၊ တရုတ်ဝန်ကြီးချုပ် လီခေ့ချန်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆင် အပါအဝင်အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ထိပ်သီးခေါင်းဆောင်များသည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်းအသီးသီးထုတ်ဖော်ပြောကြားခဲ့ကြပါသည်။

ဝန်ကြီးချုပ် လီခေ့ချန် သည် တရုတ်-အာဆီယံပူးပေါင်းဆောင်ရွက်မှု အားသစ် လောင်းပေးရေးအတွက် အဆိုပြုချက်၅-ရပ်တင်ပြခဲ့ပါသည်။ ပထမအနေနှင့် တရုတ်- အာဆီယံလွတ်လပ်သောကုန်သွယ်ရေးဇုန်နယ် အဆင့်မြှင့်တင်ရေးဖြစ်ပါသည်။ ဒုတိယ အနေနှင့် မော်တော်ကားလမ်း၊ မီးရထားလမ်း၊ ရေကြောင်းသယ်ယူပို့ဆောင်ရေး၊ လေကြောင်း၊ကြေးနန်းဆက်သွယ်ရေးနှင့်စွမ်းအင်စတဲ့နယ်ပယ်များတွင် ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ကျားကန်ပေးရေးဖြစ်ပါသည်။ တတိယအနေနှင့် ငွေကြေး ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို အားသစ်လောင်းပေးရေးဖြစ်ပါသည်။ စတုတ္ထအနေနှင့် ပင်လယ်ပြင်ပူးပေါင်းဆောင်ရွက်မှုကိုပြုလုပ်ရေးဖြစ်ပါသည်။ ပဉ္စမအနေနှင့် ယဉ်ကျေးမှု ကူးလူးဖလှယ်မှုကို အားသစ်လောင်းပေးရေးဖြစ်ပါသည်။

   Webradio