• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ့်ကောင်းက တရုတ်-အာဆီယံနှစ်ဘက်တို့သည် သိပ္ပံနည်းပညာဇုန်ကို စမ်းသပ်တည်ဆောက်ရန် တိုက်တွန်း

(GMT+08:00) 2013-09-04 16:29:04

    ယမန်နေ့ ၃-ရက်နေ့က ပထမအကြိမ်မြောက် တရုတ်-အာဆီယံ နည်းပညာ လွှဲပြောင်းပေးမှုနှင့် ဆန်းသစ်တီထွင်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အစည်းအဝေးကို ကွမ်ရှီး ကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ နန်နင်းမြို့၌ ကျင်းပခဲ့ပါသည်။ တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ ဒုဥက္ကဋ္ဌ၊ သိပ္ပံနည်းပညာ ဝန်ကြီးဌာနမှ ဝန်ကြီး ဝမ့်ကောင်းသည် ယင်းအစည်းအဝေးသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ရာ တရုတ်နှင့် အာဆီယံ နှစ်ဦးနှစ်ဖက်တို့သည် သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုဆိုင်ရာ အောင်မြင်မှု အတွေ့အကြုံများကို မျှဝေရန် လည်းကောင်း၊ သိပ္ပံနည်းပညာဇုန်ကို စမ်းသပ် တည်ဆောက်ရန် လည်းကောင်း၊ ခေတ်မီနည်းပညာ လွှဲပြောင်းပေးမှုကို တွန်းအားပေးရန် လည်းကောင်း၊ နှစ်ဖက် သိပ္ပံနည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန် လည်းကောင်း တိုက်တွန်းခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

   Webradio