• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အာဆီယံကုန်စည်ပြပွဲနဲ့ တရုတ်-အာဆီယံလွတ်လပ်တဲ့ ကုန်သွယ်ရေးဇုန်နယ် အဆင့်မြင့်တင်ရေးအတွက် တွန်းအားပေး

(GMT+08:00) 2013-09-03 17:56:31

တရုတ်-အာဆီယံကုန်စည်ပြပွဲ၊ တရုတ်-အာဆီယံကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံရေး ထိပ်သီးအစည်းအဝေးကို ဒီလ၃-ရက်နေ့က တရုတ်ပြည်ကွမ်ရှီးကျွမ့်လူမျိုးကိုယ်ပိုင်အုပ်ချုပ် ရေးဒေသနန်နင်းမြို့မှာ စတင်ကျင်းပပါတယ်။ တရုတ်ဝန်ကြီးချုပ် လီခေ့ချန် နဲ့ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှထိပ်သီးခေါင်းဆောင်များဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။ တရုတ်နဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပညာရှင်များနဲ့ အရာရှိများဟာ ကျွန်တော်တို့ စီအာအိုင်သတင်းထောက်များနဲ့ တွေ့ဆုံရာမှာ၊ တရုတ်-အာဆီယံကုန်စည်ပြပွဲဟာ တရုတ်- အာဆီယံလွတ်လပ်တဲ့ကုန်သွယ်ရေးဇုန်နယ်တည်ဆောက်ရေးအတွက် တွန်းအားပေးနေ ကြောင်း၊ တရုတ်-အာဆီယံနှစ်ဖက်အကြား အပြန်အလှန်ရင်းနှီးမြှုပ်နှံမှုနဲ့ လုပ်ငန်းများ အကြား ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တက်တွန်းအားပေးလိုကြောင်း ပြောကြားခဲ့ကြ ပါတယ်။

ကမ္ဘောဒီးယားဘုရင့်သုတေသနဌာန နိုင်ငံတကာဆက်ဆံမှုကောလိပ် ဘောဂဗေဒ ပညာရှင် ကီ-ဆေရေဗာသီ က၊ လွန်ခဲ့တဲ့၁၀-နှစ်အတွင်း တရုတ်-အာဆီယံကုန်စည်ပြပွဲဟာ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုမှာ အလွန်အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်လေ့ရှိ ကြောင်း ပြောကြားပါတယ်။

တရုတ်ပြည်ယူနန်ပြည်နယ်လူမှုရေးသိပ္ပံနည်းပညာတံခွန်အသင်း အရှေ့တောင်အာရှ သုတေသနဌာန မြန်မာပြဿနာဆိုင်ရာသုတေသီ ရှုံးလိယင် က၊

မြန်မာနိုင်ငံရဲ့ ကျောက်မျက်ရတနာ၊ သစ်တောထွက်ကုန်ပစ္စည်း၊ ပဲအမျိုးမျိုးနဲ့ လက်မှု အနုပညာပစ္စည်းစတဲ့လုပ်ငန်းတွေမှာ အားသာချက်ရှိကြောင်း၊ မကြာခင်နှစ်တွေမှာ များ သထက်များလာတဲ့ တရုတ်ပြည်သူများဟာ မြန်မာပြည်တွင်းခရီးသွားလာရေးလုပ်ငန်းကို အာရုံစိုက်ပြီး စိတ်ဝင်စားလာကြကြောင်း၊ များသထက်များလာတဲ့တရုတ်ခရီးသွားလာရေး လုပ်ငန်းများဟာ မြန်မာ့ဈေးကွက်ကို ဝင်ရောက်ရင်းနှီးမြှုပ်နှံဖို့ မျှော်လင့်နေကြကြောင်း၊ များသထက်များလာတဲ့တရုတ်ခရီးသည်များဟာ မြန်မာနိုင်ငံကို သွားရောက်လည်ပတ်ဖို့ လည်း မျှော်လင့်နေကြကြောင်း၊ တစ်ချိန်တည်းမှာ မြန်မာနိုင်ငံထုတ်လုပ်တဲ့ အဝတ်အစားနဲ့ ချည်ထည်တို့ဟာ တရုတ်-အာဆီယံကုန်စည်ပြပွဲနဲ့ နိုင်ငံတကာဈေးကွက်မှာလည်း ရောင်းချ ခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ထိုင်း သန်မာဆတ် တက္ကသိုလ် ဒုတိယကျောင်းအုပ်ကြီး၊ တရုတ်ပြဿနာဆိုင်ရာ ပညာရှင် ဖုန်းချိုင် က၊ တရုတ်-အာဆီယံကုန်စည်ပြပွဲကို ၁၀-နှစ်ကြာ ကျင်းပခဲ့တဲ့နောက် အခု အရှေ့တောင်အာရှနိုင်ငံများက လုပ်ငန်းရှင်များဟာ နန်နင်းမြို့ကို သိကျွမ်းလာကြ ကြောင်း ယူဆခဲ့ပါတယ်။

တရုတ်-မလေးရှား ချင်ကျို စက်မှုလုပ်ငန်းဇုန်နဲ့ မလေးရှား-တရုတ် ကွမ်တန် စက်မှု လုပ်ငန်းဇုန်တို့ဟာ တရုတ်-အာဆီယံကုန်စည်ပြပွဲနဲ့ တရုတ်-အာဆီယံလက်တွေ့ကျ ပူးပေါင်းဆောင်ရွက်ရာမှာ ရရှိခဲ့တဲ့အရေးကြီးတဲ့အောင်မြင်မှုဖြစ်ပါတယ်။ တရုတ်-အာဆီယံ လွတ်လပ်တဲ့ကုန်သွယ်ရေးဇုန်နယ် တိုးမြှင့်ရေးအတွက် ကျားကန်ပေးတဲ့အခန်းကဏ္ဍက ပါဝင်သွားမှာဖြစ်ပါတယ်။ အာဆီယံဆိုင်ရာ မလေးရှားအတွင်းရေးမှူးရုံးမှ ဒုဥက္ကဋ္ဌ ဆီလဗန်-ဇာယီနာ-အာဘီဒင် က၊

ကျွန်တော်တို့ဟာ တရုတ်-မလေးရှား ချင်ကျို စက်မှုလုပ်ငန်းဇုန်နဲ့ မလေးရှား-တရုတ် ကွမ်တန် စက်မှုလုပ်ငန်းဇုန်တို့မှာ အောင်မြင်မှုရရှိချင်ပါက နှစ်နိုင်ငံလုပ်ငန်းများအကြား ဖြည့်ဆည်းပေးနိုင်မှုကို အာရုံစိုက်လိုကြောင်း ပြောကြားခဲ့ပါတယ်။

တရုတ်လူမှုရေးသိပ္ပံနည်းပညာတံခွန်အသင်း အာရှ-ပစိဖိတ်ဌာန ဒေသတွင်းပူးပေါင်း ဆောင်ရွက်ရေးသုတေသနရုံးဥက္ကဋ္ဌ ဝမ်ယွဲ့ဇု က၊

တရုတ်-အာဆီယံကုန်စည်ပြပွဲကျင်းပခါစမှာကုန်သွယ်ရေးပလက်ဖေါင်းတစ်ခု မဟုတ် ကြောင်း၊ စင်စစ်အားဖြင့် တရုတ်-အာဆီယံနှစ်ဖက်ဆက်ဆံမှုအတွက် ပိုမိုရင်းနှီးစေတဲ့၊ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ပလက်ဖေါင်းကို တည်ဆောက်ဖို့ပဲဖြစ်ကြောင်း၊ အဲဒိစနစ်ဟာ နှစ်ဖက်တို့က စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနဲ့ စီးပွားရေးပြဿနာတွေကို ဆွေးနွေးဖို့ ပလက်ဖေါင်းဖြစ်ရုံသာမကဘဲနှစ်ဖက်နိုင်ငံရေးနဲ့သံတမန်ရေးဆက်ဆံမှုတို့ကို တွန်းအားပေး ဖို့ ပလက်ဖေါင်းလည်းဖြစ်ကြောင်း၊ လာမယ့်အချိန်ကာလမှာ တရုတ်-အာဆီယံကုန်စည်ပြပွဲ ဟာ တရုတ်-အာဆီယံနှစ်ဖက်ဆက်ဆံမှုအတွက် ဆက်လက်ကျားကန်ပေးသွားမယ့်အပြင် ကုန်သွယ်ရေးနဲ့ရင်းနှီးမြှုပ်နှံရေးစတဲ့ဘက်တွေမှာလည်းအားသစ်လောင်းပေးမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

 

 

   Webradio