• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အာဆီယံကုန်စည်ပြပွဲဖွင့်လှစ်

(GMT+08:00) 2013-09-03 17:05:52

    ဒသမအကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ၊ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံရေးထိပ်သီးအစည်းအဝေးကို ယနေ့၃ရက်နေ့က တရုတ်ပြည်ကွမ်းရှီးဒေသနန်းနင်းမြို့၌ ဖွင့်လှစ်လိုက်ကြောင်း၊ တရုတ်ဝန်ကြီးချုပ်လီခေချန်၊ မြန်မာနိုင်ငံတော်သမ္မတဦးသိန်းစိန်၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆင်နှင့်ထိုင်းဝန်ကြီးချုပ် ယင်လပ်စသည့် အာရှနိုင်ငံများခေါင်းဆောင်များသည် ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ပြီး ဝန်ကြီးချုပ် လီခေ့ချန်သည် မိန့်ခွန်းပြောကြားခဲ့ကြောင်း စီအာအိုင်သတင်းအရသိရပါသည်။

    ယခုအကြိမ်ကုန်စည်ပြပွဲ၌ ပြခန်းပေါင်း၁၃၃၁ခုရှိပြီး ယင်းတို့ထဲတွင် အာဆီယအဖွဲ့ဝင်နိုင်ငံများပြခန်း ၁၂၉၄ခုရှိကြောင်း တရုတ်-အာဆီယံ ကုန်စည်ပြပွဲဝက်ဘ်စိုက်မှ သတင်းအရသိရပါသည်။

   Webradio