• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၃ ခုနှစ် ဒုတိယအကြိမ်မြောက် အာရှ လူငယ်များ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား စတင်ဖွင့်လှစ်

(GMT+08:00) 2013-08-17 15:44:22

 

သြဂုတ်လ ၁၆-ရက်နေ့ ည၈-နာရီမှာ တရုတ်ပြည် နန်ကင်းမြို့၌  ၂၀၁၃ ခုနှစ် ဒုတိယအကြိမ်မြောက် အာရှ လူငယ်များ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ အခုသန္တာက နန်ကင်းမြို့ကနေ တင်ဆက်ပေးနေပါတယ်။ ဒီနေ့လေးကတော့ အဲဒီအာကစားပြိုင်ပွဲရဲ့ ဒုတိယမြောက်နေ့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကလာတဲ့ အားကစားအဖွဲ့ထဲမှ ပြိုင်ပွဲတွင် ပထမဦးဆုံး ပါဝင်ယှဉ်ပြိုင်မဲ့ အားကစားသမားဟာ အသက် ၁၅-နှစ်ပဲရှိသေးတဲ့ မောင်ဟိန်းသူရပဲ ဖြစ်ပါတယ်။ သူ ယနေ့ ညပိုင်းမှာ စတင်ပြိုင်ရမယ့် ပွဲစဉ်ကတော့ အမျိုးသား ၆၂-ကီလိုတန်းအဆင့် အလေးမ ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ အကြိုရွေးချယ်မှုပြိုင်ပွဲမှာ မောင်ဟိန်းသူရက ၂၃၅-ကီလိုနဲ့ ဆဋ္ဌမနေရာမှာ ရှိနေပါတယ်။ မောင်ဟိန်းသူရတစ်ယောက် ပြိုင်ပွဲမှာ တံဆိပ်ဆုရအောင် ဆုတောင်းပေးနေပါတယ်ရှင်။ အခု နန်ကင်းမြို့ရဲ့ရာသီဥတုက အပူအိုက်ဆုံးအချိန်ပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်ကဆိုရင် နေ့တိုင်းလိုလို ၃၈-ဒီဂရီထိတောင်ရှိပါတယ်၊ အခုတော့ ၃၅-ဒီဂရီလောက်ပဲရှိပါတော့တယ်။ ဒါပေမဲ့ ပြိုင်ပွဲမှတာဝန်ရှိုတဲ့ဝန်ထမ်းများနဲ့ volunteer မျာအားလုံးက အားကစားသမားများနဲ့ ပြိုင်ပွဲနဲ့ပတ်သက်တဲ့ကိစအားလုံးအတွက် အတတ်နိုင်ဆုံးကောင်းမွန်အောင် ဝန်ဆောင်မှုတွေပေးနေပါတယ်။ အားကစားပြိုင်ပွဲအပြင် အားကစားသမားရွာထဲမှာ အာရှယဉ်ကျေးမှုရွာ၊ လူငယ်များရဲ့ပွဲတော်၊ နိုင်ငံတကာအဖွဲ့အစည်းများရဲ့ ပြပွဲ စတဲ့ယဉ်ကျေးမှုပွဲအမျိုးမျိုးကိုလည်း ကျင်းပနေပါတယ်။ အာရှယဉ်ကျေးမှုရွာထဲမှာ ပြခန်းလေး ၄၅-ခန်းရှိပြီး အဲဒီအားကစားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြတဲ့ ၄၅-နိုင်ငံရဲ့ သမိုင်း၊ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံများကို ပြသထား ပါတယ်။ လူငယ်များရဲ့ပွဲတော်မှာတော့ အာရှနိုင်ငံများရဲ့ ယဉ်ကျေးမှု ဖျော်ဖြေပွဲအမျိုးမျိုးကို ပြသနေပါတယ်။ သောတရှင်များရှင် ၂၀၁၃ ခုနှစ် ဒုတိယအကြိမ်မြောက် အာရှ လူငယ်များ အားကစားပြိုင်ပွဲရဲ့အကြောင်းကိုပြိုင်ပွဲကာလ အတွင်း ရက်ဆက်ဆိုသလို  စီအာအိုင်က ဆက်လက် တင်ပြပေးသွားပါမယ်ရှင်။

   Webradio