• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်ရဲ့ အမျိုးသမီး အခွင့်အရေး အခြေအနေ ကောင်းမွန်လာ

(GMT+08:00) 2013-03-08 17:11:48

ဒီနေ့ဟာ မတ်လ ၈-ရက်နေ့ဖြစ်ပြီး နိုင်ငံတကာ လေဘာ အမျိုးသမီးများနေ့ ဖြစ်ပါတယ်။ တရုတ်ပြည်သူ့ ကွန်ဂရက် ပြည်လုံးဆိုင်ရာ ကော်မတီ ကိုယ်စားလှယ်၊ တရုတ်အမျိုးသမီး ကောလိပ် အမျိုးသမီး ပညာရပ် ပါမောက္ခ စွန်ရှောင်မေ-ရဲ့ စုံစမ်းလေ့လာမှု အစီရင်ခံစာ တစ်ခုအပေါ် လူအများက အာရုံစိုက်နေကြပါတယ်။ အဲဒီ အစီရင်ခံစာမှာ ပြီးခဲ့တဲ့ ၅-နှစ်အတွင်း အမျိုးသမီး ပြဿနာ အပေါ် တရုတ်ပြည်သူ့ ကွန်ဂရက်ရဲ့ အာရုံစိုက်မှုဟာ များစွာ တိုးမြင့်လာပြီး တရုတ် အမျိုးသမီးတို့ရဲ့ နေထိုင်ရေး ပြုပြင်ပြောင်းလဲမှုကို ထိရောက်စွာ တွန်းအားပေးခဲ့ကြောင်း ဖေါ်ပြထားပါတယ်။

ပါမောက္ခ စွန်ရှောင်မေ-ဟာ အမျိုးသမီး ပြဿနာ ဆိုင်ရာ ပညာရှင် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၂-ခုနှစ် ဇွန်လကစပြီး သူက အမျိုးသမီးပြဿနာနဲ့ ပတ်သက်တဲ့ ပြီးခဲ့တဲ့ ၅-နှစ်အတွင်း ၁၁-ကြိမ်မြောက် တရုတ်ပြည်သူ့ ကွန်ဂရက်ရဲ့ အဆိုပြုချက်နဲ့ အကြံပြုချက်ကို ပြုစုသုံးသပ်ခဲ့ပါတယ်။ သူ့ရဲ့ စာရင်းအရ ၂၀၀၈-ခုနှစ်မှ ၂၀၁၂-ခုနှစ်အထိ ၁၁-ကြိမ်မြောက် တရုတ်ပြည်သူ့ ကွန်ဂရက်ရဲ့ အစည်းအဝေးတွေမှာ ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် ကိုယ်စားလှယ်များဟာ အမျိုးသမီးပြဿနာနဲ့ ပတ်သက်တဲ့ အဆိုပြုချက် ၂၅-ခုကို တင်သွင်းပြီး အကြံပြုချက် ၃၈၁-ခုကိုလည်း တင်ပြခဲ့ပါတယ်။

 ပါမောက္ခ စွန်ရှောင်မေ-က ပြီးခဲ့တဲ့ ၅-နှစ်အတွင်း ၁၁-ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် ကိုယ်စားလှယ်များဟာ အမျိုးသမီး နေထိုင်မှု အာမခံပေးရေးနဲ့ ပြုပြင်ပြောင်းလဲရေုး ဆိုင်ရာ အဆိုပြုချက်နဲ့ အကြံပြုချက်ကို တက်ကြွစာ တင်သွင်းခဲ့ပါတယ်။ အမျိုးသမီး ပြဿနာနဲ့ ပတ်သက်တဲ့ အကြံပြုချက် အရေအတွက်ဟာ တစ်နှစ်ထက်တစ်နှစ် တိုးလာပြီး အကြံပြုချက် စုစုပေါင်း အရေအတွက်ရဲ့ အချိုးအစားမှာ ၀့၄၆-ရာခိုင်နှုန်းမှ ၁့၄၄၂-ရာခိုင်နှုန်းအထိ တိုးလာပါတယ်လို့ ဖေါ်ပြပါတယ်။

အဲဒီအဆိုပြုချက်နဲ့ အကြံပြုချက်တွေမှာ လက်ထပ်ထိမ်းမြားရေး ဥပဒေနဲ့ အမျိုးသမီး အခွင့်အရေး ထိန်းသိမ်းကာကွယ်ရေး ဥပဒေကို ပြင်ဆင်ရေး၊ အိမ်ထောင်စု အကြမ်းဖက်မှု ဆန့်ကျင်ရေး ဥပဒေ အိမ်ထောင်စု ပညာပေးရေး ဥပဒေ အပါအဝင် အမျိုးသမီးရဲ့ အခွင့်အရေး ထိန်းသိမ်းကာကွယ်ရေး ဆိုင်ရာ ဥပဒေကို ချမှတ်ရေးဆိုင်ရာ အဆိုပြုချက်တွေပါရှိပြီး တရုတ်ပြည်ရဲ့ မိခင်များနေ့ တည်ထောင်ရေး အပါအဝင် အကြုံပြုချက်တွေလည်း ပါရှိပါတယ်။

ပါမောက္ခ စွန်ရှောင်မေ-က အဲဒီ အဆိုပြုချက်နဲ့ အကြံပြုချက်တွေရဲ့ အကြောင်းအရာ ထွေပြားစုံလင်မှု ရှိခြင်းဟာ အမျိုးသမီးတွေ အပေါ် အလွှာပေါင်းစုံမှ ပိုမို အာရုံစိုက် လာကြတာနဲ့ အမျိုးသမီးရဲ့ အခွင့်အရေးအပေါ် တရုတ်ပြည်က တစ်နေ့တစ်ခြား အလေးထားလာနေတာကို ပြဆိုနေပါတယ်။ အဲဒီ အဆိုပြုချက်နဲ့ အကြုံပြုချက်တွေဟာ များသောအားဖြင့် သက်ဆိုင်ရာ ဌာနတွေရဲ့ ပြန်လည်ဖြေကြားမှုကို ရရှိပါတယ်။ တစ်ချို့ကို လက်တွေ့ဖေါ်ဆောင်ခဲ့ပါတယ်။ အဲဒီ အဆိုပြုချက်နဲ့ အကြုံပြုချက်တွေဟာ ၁၂-ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်အတွက် လက်တွေ့ဆောင်ရွက်မှု အတွေ့အကြုံနဲ့ အမျိုးသမီး ပြဿနာ ဆက်လက် ကိုင်တွယ်ဖြေရှင်းဖို့ အထောက်အပံ့ အများကြီး ပေးခဲ့ပါတယ်။ အမျိုးသမီး ပြဿနာနဲ့ ပတ်သက်ပြီး ပြည်သူ့ ကွန်ဂရက် ကိုယ်စားလှယ်များရဲ့ အဆိုပြုချက်နဲ့ အကြံပြုချက်တွေ တင်ပြခြင်းဟာ အမျိုးသမီးတွေရဲ့ အခွင့်အရေး ပိုမိုကောင်းမွန်စွာ ထိန်းသိမ်းကာကွယ်ဖို့နဲ့ အမျိုးသမီးတွေရဲ့ နေထိုင်မှုကို ပိုမိုအာမခံပေးဖို့ အဆက်မပြတ် တွန်းအားပေးနေပါတယ်လို့လည်း ဖေါ်ပြပါတယ်။

   Webradio