• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၂-ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပထမအကြိမ်အစည်းအဝေး ဖွင့်လှစ်

(GMT+08:00) 2013-03-05 16:20:08

၁၂-ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပထမအကြိမ်အစည်း အဝေးကို ဒီနေ့၅-ရက်နေ့က ပီကင်းမြို့မှာ ဖွင့်လှစ်လိုက်ပါတယ်။ တရုတ်ဝန်ကြီးချုပ် ဝင်ကျားပေါင် က အစည်းအဝေးမှာ တင်ပြတဲ့ အစိုးရလုပ်ငန်းအစီရင်ခံစာတွင်၊ ပြုပြင် ပြောင်းလဲရေးနဲ့တံခါးဖွင့်ရေးတို့ဟာ တရုတ်ပြည်ဖွံ့ဖြိုးတိုးတက်ဖို့ အရင်းခံပါဝါဖြစ်ကြောင်း၊ ပိုမိုကြီးမားတဲ့ နိုင်ငံရေးရဲစွမ်းသတ္တိ၊  အသိဥာဏ်နဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ရေးတို့ ကို နက်ရှိုင်းစွာတွန်းအားပေးလိုကြောင်း အလေးထားဖော်ပြထားပါတယ်။

ဝန်ကြီးချုပ် ဝင်ကျားပေါင် က၊

ကျွန်တော်တို့နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းဟာ အရေးကြီးတဲ့အဆင့်ကဏ္ဍကို ရောက်ရှိနေပြီဖြစ်ကြောင်း၊ ပိုမိုမြင့်မားကောင်းမွန်တဲ့ အတွေးအခေါ်တွေကို တစ်ဆင့်တက် တွေးခေါ်ကြံဆပြီး စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှုနဲ့ လူမှုရေးစတဲ့နယ်ပယ်တွေမှာ ပြုပြင် ပြောင်းလဲရေးကို ဘက်စုံတွန်းအားပေးကာ ပြုပြင်ပြောင်းလဲရေးကို အဆက်မပြတ်နက်ရှိုင်း စေရမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

တရုတ်ဝန်ကြီးချုပ် ဝင်ကျားပေါင် က တရုတ်အစိုးရကိုယ်စား မိမိတာဝန်သက်တမ်းရဲ့ နောက်ဆုံးတစ်ကြိမ်လုပ်ငန်းအစီရင်ခံစာကို ပြည်သူ့ခန်းမဆောင်ကြီးမှာ ၁၂-ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ်၃၀၀၀-ခန့်တို့အား တင်ပြခဲ့ ပါတယ်။ အစီရင်ခံစာမှာ လွန်ခဲ့တဲ့၅-နှစ်အတွင်း တရုတ်အစိုးရရဲ့လုပ်ငန်းတွေကို ပေါင်းရုံး သုံးသပ်ပြီး ဒီနှစ်စီးပွားရေးနဲ့လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အထွေထွေတောင်းဆိုချက်၊ အဓိကရည်မှန်းချက်နဲ့ မက်ကရိုစီးပွားရေးမူဝါဒတွေကို တင်ပြကာ အစိုးရသစ်အပေါ် စီမံ အုပ်ချုပ်ရေးဆိုင်ရာအဆိုပြုချက်ကိုလည်း တင်ပြခဲ့ပါတယ်။

အစည်းအဝေးမှာ ကိုယ်စားလှယ်များက တရုတ်အစိုးရရဲ့ စီမံအုပ်ချုပ်ရေးရည်မှန်းချက် တွေကို သေသေချာချာစိစစ်ဆွေးနွေးနေကြတဲ့တစ်ချိန်တည်းမှာ အစည်းအဝေးကို အာရုံ စိုက်နေတဲ့ ပီကင်းမြို့သူမြို့သားတွေက နေထိုင်မှုဘဝအတွက် မျှော်မှန်းချက်တွေကိုလည်း ကျွန်တော်တို့စီအာအိုင်သတင်းထောက်အား အဲဒီလို ပြောကြားခဲ့ကြပါတယ်။

စားတာ၊သောက်တာရယ်၊ ကစားကြတာရယ်၊ သက်ကြီးရွယ်အိုတွေကို ပြုစု စောင့်ရှောက်တာရယ်၊ နေထိုင်မှုအဆင့်အတန်းရယ် အားလုံးအဆင်ပြေပါတယ်။ မျက်မှောက်အခြေအနေကို ကျေနပ်မိပါတယ်။ အသင့်အတင့်ချောင်လည်တဲ့ နေထိုင်မှုဘဝ ကိုရရှိဖို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်။

နေထိုင်မှုဘဝဟာ တစ်နေ့ထက်တစ်နေ့ ကောင်းမွန်တိုးတက်လာပါတယ်။ ကျွန်တော် စဉ်းစားတာကတော့ မူဝါဒပိုပြီးကောင်းမွန်လာပါက ကိုယ်ပိုင်အိမ်ကို ဝယ်ချင်တာပါ။

အနှစ်၃၀-ကျော်ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ရေးမူဝါဒကို ကျင့်သုံးပြီးတဲ့နောက် ပြည်သူအားလုံးက ဖွံ့ဖြိုးမှုရလဒ်ကို မျှဝေခံစားဖို့ဟာ တရုတ်အစိုးရရဲ့ အဓိကလုပ်ငန်းဖြစ် လာပါတယ်။ ဝန်ကြီးချုပ် ဝင်ကျားပေါင် က အစိုးရလုပ်ငန်းအစီရင်ခံစာကို တင်ပြရာမှာ၊

ကျွန်တော်တို့က အလုပ်အကိုင်နေရာချထားရေးကို ပြည်သူ့နေထိုင်မှုဘဝ အာမခံပေး ရေးနဲ့ ကောင်းမွန်တိုးတက်စေရေးတွေမှာ အရေးကြီးလုပ်ငန်းအဖြစ်ထားပြီး ဆောင်ရွက်ခဲ့ ကြောင်း၊ လွန်ခဲ့တဲ့၅-နှစ်အတွင်း သီးခြားရင်းနှီးငွေ တရုတ်ယွမ်ငွေ၁၉၇.၃-ဘီလီယံ ထုတ်ပေးပြီး တက္ကသိုလ်ဘွဲ့ရကျောင်းသူကျောင်းသား၂၈-သန်းကို အလုပ်အကိုင်နေရာ ချထားပေးကာ မြို့ပြတွေမှာ အလုပ်အကိုင်နေရာရဖို့ခက်ခဲသူ ၈-သန်း၃-သိန်းကို အလုပ် အကိုင်နေရာချထားပေးခဲ့ကြောင်း၊ မြို့ပြနဲ့ကျေးလက်ဒေသတွေမှာ သက်ကြီးရွယ်အို အာမခံစနစ်ကို ဘက်စုံကျင့်သုံးနေပြီဖြစ်ကြောင်း၊ ပြည်သူတစ်ရပ်လုံးအခြေခံဆေးဝါး ကုသရေးအာမံစနစ် ပဏာမအားဖြင့် ဖွဲ့စည်းတည်ထောင်ပြီး တရုတ်လူမျိုး၁.၃-ဘီလီယံ ကျော်ဟာ ဆေးဝါးကုသရေးအာမခံအမျိုးမျိုးမှာ ပါဝင်ခဲ့ကြကြောင်း၊ မြို့ပြအာမခံပေးရေး နေအိမ်စနစ်ကို ဖွဲ့စည်းတည်ထောင်ပြီး တဖြည်းဖြည်းတိုးချဲ့ဆောင်ရွက်လာခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့၅-နှစ်အတွင်း တရုတ်ပြည်က နိုင်ငံတကာငွေကြေးအကျပ်အတည်း၊ ဝင့်ချွမ်း မြေငလျင်ကြီးစတဲ့စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပေမဲ့ တရုတ်ပြည်ရဲ့ ပြည်တွင်းကုန်ထုတ်လုပ် မှုအစုစုတန်ဖိုးဟာ ကမ္ဘာပေါ်မှာ ဒုတိယနေရာအထိ တိုးမြင့်လာပါတယ်။ မနှစ်က တစ်ကမ္ဘာ လုံးစီးပွားရေးကျဆင်းလာပေမဲ့ တရုတ်ပြည်ရဲ့စီးပွားရေးဟာ နာလန်ပြန်ထူလာပြီး ဒီနှစ် အတွက် ကောင်းမွန်တဲ့အုတ်မြစ်ချပေးခဲ့ပါတယ်။

ဒါပေမဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရာမှာ ပြဿနာများစွာရှိနေသေးကြောင်း ဝန်ကြီးချုပ် ဝင်ကျားပေါင် က ဝန်ခံခဲ့ပါတယ်။ အဲဒီပြဿနာတွေကို ပြုပြင်ပြောင်းလဲရေးနဲ့ ကိုင်တွယ် ဖြေရှင်းရမှာဖြစ်ကြောင်း ဝန်ကြီးချုပ် ဝင်ကျားပေါင် က ပြောကြားခဲ့ပါတယ်။

အစိုးရသစ်ရဲ့ စီမံအုပ်ချုပ်ရေးနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ် ဝင်ကျားပေါင် က၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအသွင်ပုံစံ ပြုပြင်ပြောင်းလဲရေး၊ မြို့ပြနဲ့ကျေးလက်ဒေသတွေ တစ်ပြေးညီ ဖြစ်စေရေး၊ ပြည်သူ့နေထိုင်မှုဘဝအာမခံပေးရေးနဲ့ ကောင်းမွန်တိုးတက်စေရေးတို့ကို အဆိုပြုခဲ့ပါတယ်။

အခုအကြိမ်အစိုးရလုပ်ငန်းအစီရင်ခံစာမှာ လွန်ခဲ့တဲ့၁၀-နှစ်အတွင်း ပြုပြင်ပြောင်းလဲမှု နဲ့ မျှော်လင့်ချက်တွေပါဝင်ပါတယ်။ အနာဂတ်ကို မျှော်တွေးမှန်းဆကြည့်ရင် တရုတ်ပြည်က လူကိုအရင်းခံတဲ့မူဝါဒကို ဆက်ခံ၍ ပိုပြီးအလေးထားကာ ဘက်စုံ၊ လိုက်လျောညီထွေ၊ ဆက်တိုက်ဖွံ့ဖြိုးရေးကို အကောင်အထည်ဖော်မှာဖြစ်ပါတယ်။

 

   Webradio